Monday, February 11, 2013

Langkawi 9. cable car



































cable car စီးဘို့ရည်မှန်းထားသည် ရောက်သောနေ့က နောက်ကျသောကြောင့်မစီးရ. ဟောလီးဒေးများသောကြောင့်လူတန်းရှည်မည် ဖြစ်သောကြောင့်ဖြစ်သည် ယခုလည်းလူတန်းစည် သည် genting highland မှ ကေဘယ်ဆန်ဆန်ဖြစ်သည် ခဥမအ နေနင့်ဆိုလျင်တော့ ဆင်သည်။ သို့သော်ငြားလည်း အကြမ်းပြန်သုံးသပ်သော်ခဥမကတော့ geniting highland မှ ကေဘယ်ကို ပိုသဘောကျသည် ပိုကြာကြာစီးရသည် ဈေးလည်းတန်သည် ယခုကတော့အတော်ဈေးကြီးသည်။ ဒါပေမဲ့လည်း ဒေသနရ ရောက်မှတော့ဗဟုသုတ ရောက်အောင်စီးရမည် ဖြစ်သည်။ နောက်တစ်ခါဆိုသည်မှာ မလွယ်။ အချိန်ကုန်သည် လူကုန်သည် ပိုက်ဆံကုန်သည် မရောက်ဘူးသေးသောနေရာများကို သွားရဦးမည်. ဖြစ်ရာ. ရောက်လေရာ ဝင်ကြည့်စပ်စုသည်



































လူများသည် တန်းစီရသည်ပင်အတော်ကြာသည်။ အပေါ်တက်သည် cable car ခဏခဏစီးသောကြောင့်သိတ် exciting မဖြစ်တော့. view ကို ခံစားသည် အလည် station တွင် တစ်ထောက်နားရှူစားနိုင်သည် သို့သော် ခရီးသည်များရာ ကိုယ်ဆင်းပြီးလျင် ပြန်တက်ဘို့ခက်မည် စိတ်ကူးသောေ်ကြာင့်ဝင်မရှူတော့ အပေါ်တန်းတက်သည် အပေါ်တွှုင် ဗျုးပွှိုင့်များရှိသည် ဟိုကြည့်ဒီကြည့်ကြည့် အအေးသောက်ကာ ပြန်ဆင်းသည် အချိန်သိတ်မကုန်လှ. စောင့်နေသူကိုလည်းအားနာသည်. ဖဘ တစ်အုပ်နင့်စောင့်ရသူဖြစ်သည်။




































တောင်ကတော့အတော်မြင့်သည် ဇောက်လည်းနက်သည် ဘာကြောင့်များမကြောက်သည်မသိ။

ကေဘယ်ကားစီးသည်မှာ ခံစားချင်ရွေ့မဟုတ်လား လူတစ်ဦးသည် ဘေးမှ လူများကို နိုင်ငံခြားသို့ကဒ်ပြားသုံးရန်ဖုံးခေါ်နည်းသင်ခိုင်းနေသည် မနေနိုင်သောခဥမသည် ဖုံးကိုထိုးပေးကာ အကူအညီပေးသည် ထိုသူက လက်မခံ. သင်ပေးရန်သာ တောင်းဆိုသည် တစ်ကိုယ်ကောင်းဆန်သူ ခဥမသည် မသင်တတ်ချေင်ယောင်ဆောင်ကာ ရှူခင်းများကို ရှူစားသည် ဘေးမှ လူသည် သေချာသင်ပေးနေရာ တောင်အောက်ရောက်သွားသည် သူသည် ဘာမှ မမြင်လိုက်ရချေ. အသူခံပေါ့ ခဥမကတော့အေးအေးပင်ဖြစ်သည်။


















 


တောင်ခြေတွေ င်ရှော့ပန်များစွားရှိသောလည်း ဝင်မရှော့တော့ချေ. အားနာသောကြောင့်ဖြစ်သည်. စောင့်သူကိုတော့အားနာသည်. အတူပါလာသူ အချို့ကိုလည်းအားနာသည် ခဥမကိုစောင့်နေရသည်မဖြစ်စေချင်း တတ်သုတ်ရိုက်ကာ ကားစီသို့ပြန်သည်။ မြွေကို ကိုင်ကာ ဘာုပ်နေသည် မသိသူကိုတော့ခဏဝင်ကြည့်သည်။



3 comments:

မိုးသက် said...

ဖဘ မှာဖတ်ပီးသား ပြန်လာ ဖတ်တယ်..
အဲ့လိုဟာကြီးတစ်ခါမှ စီးဖူးဘူး. စီးချင်တယ် မကွန်..

Aunty Tint said...

ခမဥနဲ့အတူ ဝေဟင်မှာ ကေဘယ်လ်စီးပြီး ကြည်နူးစဖွယ် ရှုခင်းတွေကို ကြည့်သွားတယ်။
'တောင်ခြေတွေင်ရှော့ပန်များစွားရှိသောလည်း ဝင်မရှော့တော့ချေ.အားနာသောကြောင့်ဖြစ်သည်' အဲ့လိုအပြောလေးတွေကို ဘာကြောင့်လည်းမသိဘူး သဘောကျတယ်း)
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

မေတ္တာဖြင့်
အန်တီတင့်

Anonymous said...

May be he is massaging the Snake :P

Pifpif