Showing posts with label yangon 2011. Show all posts
Showing posts with label yangon 2011. Show all posts

Friday, August 26, 2011

ကွန်ဒိုင်

အမှန်တော့ ဘလော့အကြောင်းရေးမလို့ဘဘဲ ဖဘထဲဝင်ကညော့လိုက်တာ ဖီလင်ပျက်သွားတယ်။ စီပု့းဖတ်မယ်ဆိုပြီးဖွင်ထားတာ မဖတ်ရသေးဘူး။ စီပုံးမှာဝင်ပြောတာနဲ့ အချိန်ကုန်သွားတယ်





အ အချိန်ကုန်သွားော့ဘာဖြစ်သွားလဲ နောင်တ ရသွားတာပေါ့ ။ လူမိုက် နောက်မှ နောင်တရဆိုတာ အလကား စကားပုံဖြစ်လာတာမှ မဟုတ်ဘဲ တို့ကိုကြည့်ပြီးပြောလို့၇တယ်။




မရေးဘဲနဲ့အိပ်ပါလားဆိုရင်လဲမဖြစ်ဘူး။




ဘိုက်ဆာတယ်. ။ မချက်ဘူးမဝယ်ဘူး . ။ ဖဘနဲ့ဘဲအသက်ဆက်ရှူတယ်။ မဝဘူး. ။မဝဆို သူရို့ချည်းဘဲစားကြတာကိုး။




ရန်ကုန်မှာတုံးကပန်းဆိုးတန်းမှာ လမ်းလျောက်ရင်းနဲ့အနော်ရထာပေါါ်က မုန့်ဆိုင် မုန့်လက်ဆောင်းရွေရင်အေးတွေ့လို့အားရဝမ်းသာဝင်ထိုင်ခဲ့တယ်။




ဒီတစ်ခါစကော့ဈေးမရောက်ဘူး





မရောက်ဘူးဆို ပိတ်ရက်တွေများတာကိုးအဲသည်တုံးက



မှတ်ချက်
ဘလော့ရေးတာမကောင်းဘူး နောက်တစ်ခါ ဂျာနယ်ထဲပါအောင်ရေးရမယ်။ (my ရည်မှန်းချက်) ခလုပ်တိုက် .ခွေးလိုက် ဖားပြုတ်ကိုက်ရေးနေတာ ကြာပီ။ မြွေပွေးမကိုက်တာတော်သေး။

Friday, August 12, 2011

Yangon 2011.12

အဲသည်အချိန်က အပြင်ထွက်ချင်နေတဲ့သူုl တစ်ယောက် ဟော်တယ်က TV ရှေ့မှာ ငုတ်တုတ်ကလေးထိုင်နေလေရဲ့ အပြင်ဘယ်လိုထွက်ရမလဲ အကြံထုတ်ရင်းနဲ့ပေါ့။









မုန့်ဟင်းခါ. ဆိုင် နာမည်မေ့သွားပြန်ပီ.ခေါင်းမကောင်းတော့ဘူး။




ဖာလူဒါ အတော်သောက်ဖြစ်တယ်။ ဆိုင်တော်တော်စုံသွားတယ။်



လဘက်ရည်. (ဘာလို့အမြှုပ်တွေ များနေရတာလဲ)




လမ်းပေါ်မှာ




နင်းဆီ.





အဲသည်အချိန်မှာ ပျိုးပင် ဆိုင်လေးတွေ ဆီကို ခဏခဏရောက်တယ် စိတ်ကူးပေါက်တာလေးတွေ ဝယ်လာတယ်။ ရင်ကွဲသရက် သုံ်းရာကျပ်ပေးရတယ်။ ဒါတောင် အမျိုး က ဆူနေသေးတယ် သရက်သီးအစေ့များ လွတ်ပစ်ထားရင်တောင်အပင်ပေါက်တတ်တာဝယ်လာရသလားဆိုပြီး။




အသီးဆိုင်. ဝယ်သွားပြီး အိမ်ရောက်မှ ခွဲစားတယ်။ ဖရဲသီးကြိုက်တယ်။




မှတ်ချက်

ကွန်မက်ရေးတတ်လျှင်ရေးပါ.။
မိမိသာဆိုလျှင်တော့ရေးစရာရှိမည်မဟုတ်ပါ.
ကြံဖန်ရေးလှင်တော့လည်းရပါသည်. အဲ သာမီးလဲ ကခဲ့တာ သတိရသွားပြီမမ. ။ ဖာလူဒါက စားချင်စရာလေး မီးလည်းစားချင်တယ်။ . ပန်းကလေးက လှလိုက်တာနော်. ဟယ် မုန့်ဟင်းခါးတော့ ရှလွတ်. အပြင်ဘယ်လျောက်သွားမလို့လဲ. ဘုန်းကြီးကျေင်းသွားလေ မမကွမ်., then တော်ပါတော့ဗျို့. စသဖြင့်ရေးနိုင်၏.

Thursday, August 11, 2011

Yangon 2011.11

လက်ရာတိုးတက်လာတယ်ဆိုလို့ကြွားဝါနေခြင်းလဲမဟုတ်ရပါ. ကင်မရာကလဲ တယ်လီဖုံးနိုကီယာ ဟုသာထင်ပါသည်။ ရန်ကုန်မပြီးနိုင်သေးလားဆိုလဲ စိတ်ကူးပေါက်တိုင်း တင်နေဦးမည်သာဖြစ်ပါသည်။ တစ်ခေါတစ်ခေါက် ပြန်ချိန်လဲ ရောက်ရှိ ကာနီးပြီ မဟုတ်လား..အဟိ (အမေရိကားနင့် အင်္ဂလန် မှ သူများစိတ်မချမ်းသာရန်စိတ်ပုတ်ရသေး၏။)။









သို့အတွက်ကြောင့်ရှိသောပုံများ ထုတ်ရန်လို၏။ ဘာလို့မကုန်နိုင်ပါလိမ့်။ မိမိ၏ hard disk ကို virus ကိုက်ရန်မေတ္တာ ပို့ကြကုန်လော့။ သို့မဟုတ်အောက်ပြုတ်ကျရန် ဆုတောင်းကြကုန်။ ။ သို့တည်းမဟုတ် ငါကွ .. လာမဖတ်ဘဲနေနိုင်တယ်ဟု ကြွေးကြော်နိုင်လျှင်တော့လဲ ဒီဝတ်ကြွေးက လွတ်နိုင်၏…….....သြော်............. (စိုင်းထီးဆိုင်အသံဖြစ် ဆွဲဆွဲငင်င် သြော်. ပါ) ။ ဒီကတော့ ဘလော့ပိုင်ရှင်မို့လို့ ပစဝကို မ ပေးနိုင်။ လာပြီး ဒလိ လုပ်သွားမှ စိုးရ၏။




မည်မျှ ကြည့်ရွေ့ ကောင်းသနည်းန ငေးမောကြည့်ရူလိုက်ပါ။ ရထားကြီးတစ်ီစီးမျက်စေ့အောက်သို့ပြေးဝဝင်လာ၏။ ထိုအချိန်က မိမိဘာလုပ်နေသလဲစဉ်းစားမရပါ. အောက်မှာလား ထိုင်နေတာလား ရထားဖြတ်လို့ လမ်းကူးဘို့စောင့်နေတာလား ဘာလားညာလား ဘာမှ စဉ်းစားရွေမရတော့ပါ. စဉ်းစားမရလျှင် မစဉ်းစားရုံသာဖြစ်၏။ ရထားပေါ်က လူများကို လက်ဝှေ့ယမ်းရွေ့တာ့တာပြချင်သောဆန်ဒ များဖြစ်ထွန်း၏။ တစ်ကျပ်တစ်ပြားကြဲချသွားလျင်လည်းကောက်လိုက်ရုံသာ။။။။။။။










ပတ်ဝန်းကျင်တစ်ခွင်လှည့်လည်သော ရန်ကုန်သားအဖို့မှာ နစ်သက်လှသည်။ မြက်ခင်းများ လယ်ကွက်များ….. မျက်စေ့တစ်ဆုံး။ ဘယ်တွေ ရောက်လို့ဘယ်ပေါက်ခဲ့သလဲဆိုလျှင်လဲ ဖြေရသေးသပ. ရန်ကုန် မြို့တဝိုက်ပါဘဲ။ မြို့ထဲ မြို့ထဲ ဟုလို့တော့မပြောချင်ပါ။ စပယ်ယာထင်ပြီး အစ်ကို အကြွေပြန်အမ်းပါဦးဟု ဆိုသော်မခက်လော။







Thursday, June 30, 2011

Yangon 2011.10



ကျုနုပ်သည် သင်ဥ္ဒာအေး လစ်စဥင်္်ခဏ/ ရီတာ ပြန်မလာခင်စပ်ကြား. ရန်ကုန် ကို ခဏ ပြန်လိုက်လေ၏။

ဟောတယ် သွားတည်းရာ လူလစ်စဉ်ခဏ သယ်မလာသော့ပစ္စည်းများဖြစ်လေ၏။ ကိုယ်ပိုင်ဆပ်ပြာ လပ်စ်ဆပ်ပြာသုံးလေရာ ဟော်တယ်မှ ဆပ်ပြာ နင့် ခေါင်းလျော်ရည် မသုံးဖြစ်သော်လည်းအ လာကားရသည်က တစ်ကြောင်း. ချစ်စရာကောင်းသည်ကတစ်ကြောင်း အနည်းငယ်ယူလာလေ၏. ယူလာပြီးသော်လည်းဘာမှုလုပ်သည်မဟုတ် အလှကြည့်နေခြင်းသာဖြစ်၏။ ယခုရန်ကုန်တွှုင် သိမ်းထားခဲ့၏.။

ရန်ကုန်ကို လွမ်းရသည်မှာ ခေါင်းလျှော်ဆိုင်ဖြစ်၏. အတန်အသင့်ုဆိလျှင် နစ်ထောင်ကျပ်ဖြင့်ခေါင်းလျော် ဒရိုင်ရာမှူတ်နိုင်၏. ခေါင်းိကို ကိုင်သည်မှ ဇိမ်ရှိသည်ဖြစ်ရွေ့ ဇိမ်ခံခြင်းတစ်မျိုး. ကိုယ့ို ကို သူများက ပြုစုပေးသလိုဖြစ်ပြီး စိတ်ချမ်ားမှူရလေ၏၏. ဝါသနာပါလျှင် ပေါင်းတင်နိုင်သေး၏. အချိန်မရရွေ့ ပေါင်းတင်းခြင်းကားမပြုနိုင်။ အလကားနေခေါင်းလျော်ဆိုင်သွားသောကြောင့် မိမိဝယ်သွားသော ခေါင်းလျော်ရည်များကို မှတ်တမ်ြး့ပုရွေ့ထားခဲ့၏. နောက်တစ်ခေါက်အတွ့်က်ရယ်ဒီဖြစ်ရန်ဖြစ်သည်။ လိုအပ်က ထပ်ဝယ်က ပိုက်ပိုက်ကုန်သည်မဟုတ်ပါလေ. ကိုယ့်ရှိသည်များကို သူများကိုပေးလိုက်ခြင်းဖြင့်ကိုယ်ပြန်ဝယ်ရရာ ပြန်ကုန်လေ၏.

ကျွန်နိုပ်၏ အဒေါ်သည် ခြယ်နားကပ်ကြီးများခေတ်စားချိန်က ခြယ်ဝဝ်ရွေ့ သူ၏ တစ်လုံး စိန်ကို သူ၏ အမျိုးထံပေးလိုက်ရာ နောက် တစ်လုံးစိန်များပြန်ခေတ်စားလာရာ အဒေါ်သည် ပြန်ဝယ်ရလေ၏. သူပေးလိုက်သော စိန်ကို ပြန်တောင်းရွေ့မကောင်းတော့ချေ။ သို့အတွက်ကြောင့် take home message မှာ မိမိတွင်ပိုနေသောပစ္စည်းမျာကို အလာကားလျှောက်မဝေရန်ဖြစ်၏။



ရန်ကုန်တွင်နေစဉ်က အုန်းဆီမှန်မှန်လိမ်း၏. နိုင်ခြားရောက်သော်အုန်းဆီကို ကာပြန်ခြင်၏. ရှေ့လူက သံလွင်ဆီ olive oil ကိုညွန်ကြားရာ နစ်သက်သွား၏. အနံမရှိချေ။ မှန်မှန်လိမ်း၏. ခေတ်ပေါ် serum များလိမ်းလိုက်. ကရင်များလိမ်းလိုက်. နည်းမျိုးစုံလိမ်ေးလိုက လိမ်းသော်ငြာ့း olive oil ကို နစ်သက်သည်မှာပို၏. Olive oil လိမ်းသည်ဆိုရွေ့ ဟင်းချက်သော ဆီကိုလိမ်းသလားဟု မေးသူလည်းရှိ၏. ဘာဖြေရမှန်းမသိချေ။ အီတလီသွားစဉ်း ကပီဇာ မှာရာ olive oil ပုလင်းလာပေးသည်ကို ဝိုင်ပုလင်းထင်ရွေ့မယူဘူးဟု ငြင်းခဲ့သည်ကို သတိရ၏. ဤသည်လည်းသိမ်းထားခဲ့၏.။ နေလောင်ခံ sunburn လည်းသိမ်းခဲ့၏. အားလုံးသိမ်းခဲ့၏။ မဟုတ်က မေ့ရာ ထပ်ဝယ်လျှင် ထပ်ကုန်မည်ဖြစ်သည်. ဝမ်းလျှားထိုး မှောက်ရိုက်လာခြင်းဖြစ်သည်. ရှာရွေ့ မတွေ့နိုင်ချေ.။

သို့သော်ငြား ဟိုယခင် စလုံးလာစဉ်ကာလာက ရန်ကုန်တွင်သိမ်းခဲ့သော ပစစည်းများကားမရှိတော့ချေ။ ဓါတ်ပုံ အဲလဘမ်းများပျောက်ကန်ုသည် သကို နမျော၏. ကျောင်းသားဘဝ ငယ်ဘဝ ရိုက်ခဲ့များစွာ ဘာမှ မမကျန်တော့ချေ။ ကျွန်နိုင်မရှိချိန် အိမ်ပြောင်းရွေ့ရာ မည်သို့မည်ပုံ ဖြစ်သည်မသိ. ပြန်မေးရွေ့ မရချေ။ သေချာထပ်ထားသော အဝတ်အစားများလည်း မရှိတော့. အစ်မကိုမေးရာ. သူများကိုပေးလိုက်သည်ဆို၏. ဟင် ဟုဆိုရာ ငါနဲ့တောင်မတော်တော့တာ နင်နဲ့ ဘယ်လိုတော်တော့မှာလဲ သူများပေးလိုက်တာ အေးရောဟုဆို၏. ထပ်ဆင့်ဝမ်းနည်းရ၏. သို့သော်ငြားအမှတ်မရှိ. ကျွန်နိုပ်သည် ယခုလည်း မှတ်တမ်းမှတ်ရာနင့် မှတ်လာ၏.

ဇီးပြားကို မပြောလိုက်ရသေးသည်မှာ ဟိုချက်လက်မှတ် ပိုက်ဆံရပြီဖြစ်၏. သူ့ကိုပြောချင်သည်မှ ကျွန်နိုပ်သည် ပုန်းထဲမထည့်ခင် ချက်လက်တ်မှတ်ကို ဓါတ်ပုံရိုက်ထားကြောင့်း ပြောရန်မေ့နေ၏. လင်းဒီပသာ ဆိုလျှင်မိတ္တူဆွဲထားမှာ သေချာ၏. ပျောက်သွားမှာစိုးသော်ကြောင့်. အစိုးရိမ်ကြီးသည်မှာ နစ်ယောက်မရှိချေ။ ကျွုန်ပ်နင့်လင်းဒီပ တစ်အိမ်ထည်း တစ်ယောက် တစ်ခန်း နေလျင် မတွေးဝံ့ချေ. နစ်ယောက်သား အပြင်ရောက်မည်မဟုတ် အိမ်ထဲတွေ ဝေ့နေသည်နင့် မိုးလင်းသွားနိုင်၏. တော်သေး၏. ဆွိအဝေးရောက်နေ၏။ ဦးခြိမ့်တာဝန်ယူလိမ့်မည်။

Friday, June 3, 2011

yangon 2011.9

ရန်ကုန်တွင်သူမ ထားခဲ့သောပစ္စည်းများအနက်မှ တစ်ချို့ဖြစ်ပါသည်.





သူမသည်ဘာမှန်းမသိသည်များကို အားကြိုးမာန်တက်ဝယ်သူတစ်ဦးဖြစ်ပါသည်။



ဘယ်နေရာသုံးရမည်လဲမသိ.




မည်သူ့ကိုပေးရမည်လဲမသိ




ကြိုက်လဲကြိုက်.ဈေးလဲမကြီးဘာမှန်းမသိ.




ထပ်ခါတလဲလဲဝယ်တတ်ပါသည်။


Wednesday, May 18, 2011

ဘာညာဘာညာ



လေယဉ်ဖြင့်ခရီးသွားလျှင် လေယဉ်ပေါ်မတက်ခင် မုန့်စားထားသင့်သည်. ။ ရေသောက် .ဘာညာများအပြင် ဘိုက်မဆာစေရန်ဖြစ်သည်. မစားထားလျင် အားကြီးဘိုက်ဆာ တတ်သည်. လေယဉ်မယ်မလာမခြင်းမျော်ရသော ဒုတ်ခကိုကြုံဘူးသည်. သူကျွေးမှသာ ကိုယ်စားရသည်မဟုတ်ပါလော။ လေယာဉ်ပေါ်တက်တက်ခြင်း မျက်နာသုတ် စနိုးပုဝါများလာပေးသည်ကိုကားနားမလည်နိုင်ချေ. နားမလည်ပါးမလည်ခင် ကတော့ သူများယူသလို လိုက်ယူရွေ့သူများသုတ်သလိုလိုက်သုတ်ရာ မျက်နာပေါ်မှ မိတ်ကပ်များပြောင်သွား သည်ကိုတွေ့ရသည် မိုးမလင်းခင်ထလိမ်းခဲ့ရသည်ကိုမှ အားမနာ. နောင်သော်ယခုအခါတူကာ ယူရွေ့ မျက်နာမှလွဲေ၇ွ့အားလုံးသုတ်ပလိုက်ပေသည်. မယုံသူမရှိရာ.

လေယဉ်ကြီးပေါ်တွင်လည်း ဝင်းဒိုးဆိ မရကာ ခက်သည်. ဘယ်သို့ကြည့်ရမည်မသိ. အလည်ခုံကားအဆိုးဆုံးတည့် နစ်ယောက်ကြားတွင်ညှပ်ခါ အတော်နေရခက်ပေသည်။ အသွားတွင်က အပြောကောင်းရွေ့ ဝင်းဒိုးဆိရလိုက်သည်. သို့သော်ငြားဘလော့လုပ်ကောငးရွေ့အိပ်ရေးပျက်ရာ ပတ်ဝန်းကျင်အလှကို မခံစားလိုက်ရ လေယဉ်တက်သည်ကိုမျှ မသိ.အိပ်ပျော်သွားလေ၏.




အပြန်တွင်ကားသူများလင်မယား စကားပြောနေသည်ကို ချောင်းနားထောင်ကောင်းသောကြောင့် အသူတို့ဘာပြောနေကြနည်းဆိုသော် ခင်နင့်မောင်ကားခေါင်းချင်းရိုက်နေလေ၏. ခင်၏ လက်မှတ်တွင် အပြန် ဒိတ်သေချာပါပုံမရ. လေကြောင်းလိုင်နှင့်စကားပြောပြီးသကာလ ခေါင်းချင်းရိုက်ကာ. မည်သည့်ဒိတ်ယူရမည်ကိုသေချာ ဆွေးနွေးတိုင်ပင်နေလေရာ အလွန်တစ်ရာကူညီတတ်သောမိမိသည် ထုံးစံအတိုင်း ဤကိစ္စများသည် ပူပင်စရာမရှိကြောင်းအပြန်ရက်စွဲသည် အပြန်ရက်စွဲသာဖြစ်ကြောင်း ကိုနင်းမောင်ကိုမျှ အကူအညီတောင်းစရာမလို မိမိနင့် အဲလေ မြန်မာရပ်ကွက်ရှိ မြန်မာဆိုင်များနှင့်သာပြီးကြောင်း အပြန်ရက်ကို အချိန်မရွေး ယခင်ကာလက ငါးကျပ် ယူပြီး ယခုကာလတွင် ဖရီးအကူအညီပေးကြောင်း ဝင်ရောက်ဆွေးနွေးကူညီပြီးသကာလ မိမိ၏ ချက်ကင်ကိုပင်မေ့ပြီးကူညီနေရာ ချက်ကင်ပြီးကာမှ မိမိသည် ဝင်းဒိုးဆိ မတောင်းမိယုံမျှ မက မိမိ၏ နေရာသည် အမျိုးသားနစ်ယောက်၏ အလည်တွင်ဖြစ်နေကြောင်း လေယဉ်ပေါ်ရောက်ခါမျှသာ သတိပြူမိလေသည်. လေယဉ်ထွက်ခါနီး အိမ်သာဝင်ချင်ယောင်ဆောင်ရွေ့ နေရာရွေ့ရန်ကြိုးစားလေရာ လေယဉ်မယ်ကရိပ်မိသွားပြီး နေရာများမလပ်ဖြစ်နေကြောင်း ရှိပါက ရွေ့ပေးမည်ဖြစ်ကြောင်း နစ်သိမ့်ပြီးသကာလ. ကျွန်နုပ်မှာ လေဆိပ်ဆင်းသက်သည်အထိ မည်သူမျှ မဆင်းကြသောကြောင့် ခပ်ကြပ်ကြပ်ဖြင့်သာ အသို့ဆိုသော် ဘယ်ဘက်ကလူသည်ဝသောကြောင့်ကျွန်နုပ်သည်လည်းခပ်ဝဝဖြစ်လေရာအတော်ပင်ကြပ်တည်းလှပေသည်. ။

အပြန်တွင်လည်းကျွန်နိုပ်သည် ပစစည်းသိတ်များလှချေ. အသွားတွင်သာ ကုန်သည်ရွေ့အပြန်တွင်သိတ်မသယ်သောကြောင့်ဖြစ်သည်။ အကြီးနစ်လုံးအသေးတစ်လုံးဖြင့်သွားရာ အကြီးတစ်လုံးသာ ပြန်ပြည့်ရွေ့ ကျန်သောအကြီးတစ်လုံးအသေးတလုံးကို ထပ်ရွေ့ လက်ဂ်ေချလုပ်လိုက်လေသည် အမျိုးသမီးတစ်ယောက်ကာ အကျွနိုပ်အားချဉ်းကပ်သေးသည်. သူမ၏ သား၏မိတ်ဆွေငယ်သည် သူမလက်ချက်ကြောင့်လက်ထဲတွင် တစ်ဆွဲ တနိုင် တစ်ပိုးဖြစ်နေလေရာကျွန်နုပ်၏ ကုန်ပိုများကို ကူညီရန်ဖြစ်၏. အလွန်ကူညီတတ်သော ကျွနိုပ်သည် လေဖြင့်သာ ကူညီတတ်ရာယခုကဲ့သို့ကိုယ်တိုင်ကိုယ်ကျ ထိခိုက်ကူညီရန်ကားဝန်လေးလှသည် သို့ဖြင့်ရာ အရိုးခံ ကလေးမျက်နာ လူကြီးကိုယ်လုံးကလေးဖြင့် အကျွနို၏ အမျိုးသားသည် အကျွနိုပ်အား မည်သူနင့်မျှ ကုန်ပေါင်းမချိန်ရန် မှာကြားထားကြောင်း အကျွနိုပ်၏ အမျိုးသား ငါးပေဆယ်လက်မ. ကိုယ်အလေးချိန်မသိ. က မှာထားသောကြောင့်ခွင့်လွတ်ပါရန် တောင်းပန်ပြီးသကာလ. Departure card ဖြည့်ရန် သေချာထည့်ထားသောဘောပ်န်ရှာမတွေ့သောကြောင့်သူမထံမှ ဘောပန်ငှားရင်းသနားစဖွယ်ပြောလေရာ သူမသည်. စိတ်ပျက်စွာ ဆုတ်ခွာသွားရလေ၏.

အလွန်လေဖြင့်ကူညီတတ်သူ ကျွနိပ်ကာ မည်သူ့ကို ကူညီရဦးမည်နည်းဟု လေဆိပ်အပေါ်ထပ် မတက်ခင် မျက်စေ့ဝဲရွေ့ရှာဖွေရာ မှန်ချပ်ခြား ကနာရာ ချောင်းခြားနေသော စုံတွဲတစ်တွဲကို တွေ့လေ၏. မနေနိုင်သော ကျွနိုပ်သည် အနားသို့သွားပြီး လက်ဟန်ခြေဟန် လုပ်လေရာ မှန်ချပ်ပြင်ပရှိ ကနာရာ မကလေးသည် ကျွနိုပ်ကိုမြင်လေ၏. ကျွနိုပ်သည်ကာ သင်ဝင်လိုပါသလားဟု လက်ဟန်ခြေဟန်ပြလေရာဝင်လိုကြောင်း ဆို၏ ခေါင်ညီတ်ပြသည်. ကျွနိုပ်သည် မှတ်ပုံတင် ကို လက်ဟန်ခြေဟန် လုပ်ပြလေရာ အူတူတူလုပ်နေသည်နင့် ကျွနိုပ်၏ လက်ကို ဝှေ့ယမ်းကားမောင်းသကဲ့သို့ပါးစပ်မှဝူးဝူးမထွက်ရုံသမယ် မော်တော်ကားလိုင်စင်ကိုသရုပ်ဖော်ရာ သဘောပေါက်သွားပုံရ၏. မှတ်ပုံ့တင်ကိုဆိုလို“၏. မည်သို့သဘောပေါက်သည်ကိုကားနားမလည်. ခပ်သုတ်သုတ်ပြေးထွက်သွား၏. ကျွန်နုပ်သည်ကာ ပီတိကိုစားသုံးလိုသောကြောင့်အပေါ်မတက်သေးဘဲ လိုက်ပို့သူလဲမရှိဘဲ အောက်မှာ ဆက်ထိုင်နေသေး၏. ခဏကြာရာ ကိနာရာမလေးသည်အောင်မြင်မှုရှီစွာ အထဲသို့ရောက်ရှိလာရာ ကျွနိုပ်၏ ဝမ်းသာမှုမှာ ကိနာရာကောင်လေးနင့်မခြားပြီ။




အပေါ်တက်ပြီးသကာလ ဟိုလျှောက်ဒီလျှောက် ရာ သပြေနုကိုတွေ့လေ၏. သူကားကျွနုပ်နာမည်ကြီး မျှ မသိချေ. ကျော်ဖြတ်သွားလေရာစိတ်မကောင်းဖြစ်ရ၏. နောက်တစ်ခါ ရွေ့ဘုံသာလမ်းသို့သွားရွေ့ name plate လုပ်ရန်ကြီးစွာသန်ဒိတ်ဒန်ချ၏. ရေချိုးခန်သို့ဝင်ရွေ့ ခေါင်းဖြီးချင်း မိမိကိုမိမိ မှန်ကြည့်ရွေ့ ဓတ်ပုံရိုက်ခြင်းများကို ရီတာကိုသတိရစွာဖြင့်ပြုမူ၏.

လေယဉ်မထွက်ခင်ဟိုကြည့်ဒီကြည့်ကြည့်၏. တယ်လီဖုံန်းကိုမြင်သော် သတိရ၏. ဟန်းဖုန်းခေါ်မရ အိမ်ဖုံးကိုခေါ်လို့ရသည်ဟု တစ်စုံတစ်ယောကကသင်လွတ်လိုက်သည်။ သယ်ချင်းကိုသတိရ၏. အိပ်နေမည်မှာသေချာ၏. ဟန်းဖုံးကိုခေါ်လေရာ မကိုင်ချေ. ။ အိမ်ဖုံးကိုခေါ်လေရာ မိဘဆွေမျိုးများက အိပ်နေသည်၏.ဆို၏. လေဆိပ်မှ ခေါ်ကြောင်း လေယဉ်ပေါ်တက်ခါနီးနှူတ်ဆက်လိုပါကြောင်းဆိုရာ ပြောကြားလိုက်မည်ဟုဆို၏. အတော်မသိတတ်သောလူကြီးများပါပေ။ပြောချင်သောကြောင့်ဆက်သည်ကို မသိချင်ယောင်ဆောင်ကြ၏. အတော်ဆိုးကြပါပေသည်။ ရှိသမျှ လျှောက်နိပ်၏. နောက်လူလာသော် မသိယောင်ဆောင်ရွေ့ဆက်နိပ်၏. နောက်ဆုံးလေယဉ်ထွက်ခါနီးမှ ထွက်ခွာ၏. ခပ်သုတ်သုတ်.

လေယဉ်တွင်အသွားတွင် မစားနိုင် အပြန်တွင်စားနိုင်၏. Rest room ကိုချောင်းရာ လူအမြဲတန်းစီနေသည်ကိုမြင်၏. နားမလည်နိုင်. အသို့ကြောင့် ယခုလောက်စည်ကားရသနည်း. ။ အခါနစ်ဆယ်လောက်မျှော်ပြီးကာ မျှ လူရှင်း၏. မိမိဘေးမှလူဝကြီးသည် ကုမနီမှ စရိတ်ခံသောကြောင့်ဝမ်းသာနေ၏. သူဝိုင်မှာရာ အတော်စောင့်ရသည်. .။

လေဆိပ်ဆိုက်ရောက်ရာ တွင်ခပ်အေးအေးသာဆင်း၏. မည်သူမည်ဝါနင့်များတွေ့ဦးမည်လဲဟို မသိသောသူများကိုငေးမော၏. Rest room ဝင်၏. ရေသောက်သည်. လမ်းဖြည်းဖြည်းလျှေက်၏. အင်တာနက် များကိုကားမကြည့်ချေ.။ မိမိသည်ယခု သွားလေရာတွင် ဖုံးတစ်လုံးဖြင့် မျက်နာအပ်နေကြသောလူသားများကိုသနားနေ၏. လောက အလှတစ်ရာများကို မမြင်နိုင်ကျချေ. ဖုံးတစ်လုံးနင့်မျက်နာအပ်ရွေ့မိမိဘာလုပ်နေသည်ကို update လုပ်နေသောလူသားများကား သက်ပြင်းချမိ၏. နားမလည်နိုင်တော့ချေ.။ ကျွနုပ်သည်သား လူမှူဆက်ဆံရေးခေါင်းပါးလှချေသည်. Like လုပ်ခြင်းခံရမည်မဟုတ်ချေ။။ ကျွနုပ်သည် ကျွနုပ် changi ရောက်ပြီဟု like အလုပ်မခံလိုချေ. ကိုယ်တိုင်ဖုံးဆက်အကြောင်းကြားလိုသူဖြစ်ချေ၏. သို့သော်ငြား. လောကကြီးသည်ထူးဆန်းလှပေသည်. ဖုံးဆက်လျှင်လက်မခံဘဲ ဖဘ မှ အနောင်စ် announce လုပ်ခြင်းကိုသာ like လုပ်ကြပေရာ. ကျွနိုပ်သည်လည်း ဝမ်းနည်းစွာဖြင့်ပင် အိမ်ရောက်မှသာ announce လုပ်ရသည်. ဝမ်းသာကြသည်မှာပြောဖွယ်ရာမရှိချေ။ အားလုံး like လိုက်လုပ်ကြသည်. သြော် အသင်လော က အသင်လောက. ……… ဖဘ သည်ကား..အသက်ဖြစ်ချေ၏။


မှတ်ချက်
ရေးစဉ်က အလွမ်းဖြစ်သည်. ယခုမည်သို့ဖြစ်သွားသည်မသိချေ။

Wednesday, May 11, 2011

mess mind



သိတ်ပင်ပန်းရင်ရေးစရာမရှိတော့ဘူး။ ရေးစရာမရှိ. မရေးနဲ့ပေါ့ ခက်တာမှတ်လို့ ရေးစရာမရှိပေမဲ့လဲပြောစရာတော့လဲရှိတာပေါ့။ ပြောစရာရှိပေမဲ့လဲပြောအားမရှိသေးဘူး။

ညက အိမ်မက်မက်တယ် အခုတစ်လော အိမ်မက်တွေ သိတ်မက်တယ်။ မအိပ်ဘူး. အိပ်ပြန်ရင်လဲ ထမရဘူး ကုန်းရုံးထရတယ်။ ဘာမက်သလဲပြန်စဉ်းစားတာ သိတ်ခက်တယ် မရတော့ဘူး အဲဒီအချိန်ကသာ ထရေးရင်သိတ်ကိုကောင်းတဲ့စာတစ်ပုဒ်ဖြစ်မယ် သိတ်နမျောစရာကောင်းတာဘဲ။ ယောက်ကျာ်းမကြောက်ရရင်ကောင်းမယ။်



အခုတစ်လောသိတ်ပင်ပန်းတာဘဲ ထမင်းကို အားတဲ့အချိန်ဆင်းစားတယ် အားရင် အားသလို စားတယ် စိတ်ညစ်ရင်ညစ် သလိုစားတယ်။ သူများရပ်ကွက်ခဏသွားရတယ်။ အလုပ် များကြတယ်။ ဘော့စ်တောင် ဖျားသွားတယ် အန်မတန်ဖျားခဲ တဲ့ဘောစ် တောင်ဖျား တယ်ဆိုတော့ ဘယ်လောက်ပင်ပန်းသလဲတွေးကြည့်လို့ရတယ် . ကိုယ်မဖျားဘဲ ဘော့စ် ဖျားသွားတယ် ဆိုောတ့ တစ်နည်းအားဖြင့်ပြောရရင် cause of the အဖျားက ကိုယ်ဘဲလို့ တောင်ပြော လို့ရတယ။် ဘိုက်ကလဲ ခဏခဏအောင့်တယ်။ omeprazole တစ်လုံးသောက်လိုက်ရင်တော့ လဲသက်သာသွားပြန်တယ် အမှန်ကတော့နဲနဲရေရှည်သောက်သင့်တယ်ထင်တာဘဲ။ထင်တာကထင်တာဘဲလေ.မသောက်တာကတော့
လဲမသောက်တာဘဲ။ ရေးလက်စ..တွေးလက်စတွေ လဲရှိတာဘဲ သေချာရေးရင်အချိန်ကုန်တယ်။



ရန်ကုန်မှာတုံးက မနက်၁၀ နာရခွဲအထိမထသေးတဲ့ သူတစ်ယောက်ကို အိပ်ယာက သွားနှိုးပြီး ဘရိတ်ဖတ်သွားစားတယ်။ အဲကွန်းရှိတဲ့ဆိုင်ကိုရွေးထိုင်ကြတယ် နေ့လည်မရောက်သေးဘူး အတော်ပူနေပြီ။ ဆိုင်လေးက ကောင်းပါတယ် ဆက်တဲလိုက်မြေပုံနဲ့တော့မပြောတ့ပါဘူး.



အချစ်လား ပါတာပေါ့ မျက်စေ့အောက်ကမှ အပျောက်မခံတာ. ။ ပိုက်ဆံအိတ်က အချစ် အိတ်. ပြင်သစ်က ဝယ်လာတဲ့ အိတ်. ဈေးသိတ်မကြီးပါဘူး. ဟောင်းလာပေမဲ့ မလွတ်ပစ်ရက်သေးဘူး ရန်ကုန်သွားရင် သုံးတယ်။ ပြန်မဝယ်နိုင်.ပြန်မရနိုင်တော့တဲ့ပစ္စည်းတစ်ခု ဟာ တန်ဖိုးရှိနေတယ်။ ဒီမှာဝယ်နိုင်ပေမဲ့လဲ မတူနိုင်ဘူးလေ. ကီးချိန်းက အီဖယ်မျှော်စင်နားက နေဝယ်တာ တစ်ယုရိုလား နစ်ယူရိုလား သုံးယူရိုလား မေ့သွားပြီ. အားကြီဈေးကြီးတယ် အရာရာ. သော့ချိတ်လောက်ဘဲဝယ်နိုင်တယ်။ ဒါလေးလဲ သိတ်မရှိတော့ဘူးပြန်လာာတုံးကဟိုလူ့ကိုပေး ဒီလူ့ကိုပေးနဲ့ အဲသည်တစ်ခု နစ်ခုလောက်ဘဲကျန်တော့တယ်။ ပြန်သွားမဝယ်နိင်တော့တော့လဲဒါလေးဘဲ ကြည့်ရတဲ့အခါ အလွမ်းကလေးတွေ ဖြစ်ရတယ်။

then .ကိုယ်စားတဲ့ ထမင်းကြော်. ဇွန်းခရင်းက ဘာဖြစ်လို့ အူကြောင်ကြားဖြစ်နေရတာလဲ ကိုယ့် ဘာသာလဲကိုယ်နားမလည်နိုင်တော့ဘူး။ နေပူခေါင်း မူးကြလို့ အားလုံးဘဲသံပုရာရည်သောက်ကြတယ်။ သောက်လို့ကောင်းပါတယ် မဝလို့ ရေသန့်ဘူးနဲ့ညှပ်သောက်ရတယ်။



အချစ်က ကြေးအိုးသောက်တယ် သူ သောက်တဲ့ ကြေးအိုးပုံရှာ မရတော့ဘူး. နောက်တစ်ခါဒတ်ပုံရိုက်လို့ဘက်ထရီတွေ အပြောင်းလဲ လုပ်ရင် ရက်စွဲ သေချာပြန်ချိန်ရမယ် အခုတော့ရက်စွဲတွေ မချိန်ထားတော့ပုံတွေ ကဗျောက်သောက်ဖြစ်ကုန်တယ် ပြန်ရှာရတာသိတ်ခက်တယ်



အဲဒါနဲ့ နောက်တစ်ခါ သယ်ချင်းနဲ့ သွားစားတဲ့ အထဲကကြေးအိုးပုံယူသုံးလိုက်တယ် အတူတူဘဲလေ. ဆိုင်တူတာဘဲ အချိန် ဘဲလွဲတာ.



မှတ်ချက်
ဒီစာက သုံးရက် မှာ သုံးမျိုးရေးထားတာကိုပေါင်းလိုက်တာဖြစ်တယ်. အတွေးတွေ က သိတ်ရှုပ်ထွေးနေတာဘဲ ဟိုတစ်စ ဒီတစ်စ. .

Sunday, May 8, 2011

snare




ရန်ကုန်သင်္ကြန်တုံးက အသားကုန်ခုန်ခဲ့တဲ့သီချင်းတွေ ထဲကတစ်ပုဒ်ဖြစ်တဲ့ ဂျုံးဂျုံးကျနေပြီဆိုတဲ့သီချင်းပါ. ကိုယ့်ကိုများစောင်းပြောလေသလားလို့ထင်ယောင်ထင်မှား အနေခက်စေတဲ့သီချင်းပေါ့. စိတ်ဝင်စားလို့ ရန်ကုန်ကို လှမ်းမေးပြီးယူကျုမှာသွားရှာတာတွေ့ပါတယ်။ သင်္ကြန်တုံးကသာ နားမထောင်ခဲ့ရရင် ဒီသီချင်းကိုအ စအဆုံးကြည့်မိလိမ့်မယ်လို့အာမမခံနိုင်ပါဘူး. မကောင်းဘူးလို့မဆိုလို. ခေတ်ရေစီးကြောင်းနဲ့ gap ဖြစ်နေတဲ့သဘော.

ဟိုနေရာကိုဂိုး
ဒီနေရာကိုဂိုး. ဟိုဟာစားလိုက်နဲ့ ဒီဟာ စားလိုက်မို့.
အဲဒီလိုကောင်မလေးတွေ ကြိုက်သူမရှိလို့
အခုတော့ ၃၉ ဘိုက်ပူကြီးလို
ဂျုံးဂျုံးကျနေပြီ. ဂျုံးဂျုံးကျနေပြီ.
ဂျုံးဂျုံးကျနေပြီ. ၃၉ ဘိုက်ပူကြီးလို
ဂျုံးဂျုံးကျနေပြီ. ဂျုံးဂျုံးကျနေပြီ.
ဂျုံးဂျုံးကျနေပြီ. ၃၉ ဘိုက်ပူကြီးလို

ထူးဆန်းတာက ဒီသီချင်းလိုမျိုးသူတို့နစ်သက်တဲ့သီချင်းတွေ ထွက်လာတာနဲ့ အားရပါးရလိုက်ဆိုကြတာရယ်. စာသားတွေအားလုံးရကြတာရယ်. စာသားတွေ ကိုကြည့် ဒီလောက်ခက်တာ ဘယ်လိုအလွတ်ရကြသလဲမသိ. ဝါးချရတာ ကိုယ့်အပြစ်မဟုတ်ဘူး.

ဂျုံးဂျုံးကျနေပြီ. ဂျုံးဂျုံးကျနေပြီ. ဆိုတဲ့နေရာမှာ မတိုင်ပင်ရဘဲနဲ့အားလုံးကခြေကို စုံပြီး ခုန်ကြတာရယ်. ကိုယ်ပါဝင်ခုန်ပြီး ပျော်ခဲ့ရတာရယ် ယုံနိုင်ကြမှာမဟုတ်ဘူး။ ကိုယ်လဲမယုံနိင်ပါဘူး။ dementia ရနေပြီလားတောင်တွေးမိတယ်။

Saturday, April 30, 2011

yangon 2011.8

န်ကုန်ရောက်တဲ့ညဘဲ့ကားပျက်တယ် ။ကားက ပျက်ချင်နေတာ ပြင်မဲ့သူမလာသေးလို့မပျက်တာဖြစ်မယ်။ ညဘက် ကိုကိုက သယ်ချင်းလာခေါ်သွားတယ။် သယ်ချင်းပြန်လိုက်ပို့လိမ့်မယ်။ ကိုယ့်ဘာသာကိုယ်ပြန်ချင်တဲ့အချိန်ပြန်လို့ ပြော သွား တယ။် ညောင်းညာနေပုံရတယ်။




ည ဆယ်နာရီခွဲလောက်ပြန်တယ်။ စိန်၈ျွန်းဈေး. (ဘယ်နားမှာလဲလို့မေးရင်မဖြေဘူး) နားရောက်တော့ oil မီးနဲ့ charge မီးလင်းလာတာနဲ့ လန့်ပြီးလမ်းဘေးကို မှေးရပ်လိုက်တယ်။ စက်ပြန်နှိုးတော့ ၈ီးဂီးဘဲ မြည်တယ် နှိုးလို့မရတော့ဘူး မျိုးစုံနည်းလမ်းသုံးပြီးနှိုးတယ် မရတော့ဘူး တက္ကစီတစ်စီးလာနှိုးပေးတော့ တစ်ပေလောက်ရွေ့သွားပြီးရပ်သွားပြန်တယ်။ ရောက်တဲ့ညဆိုတော့ hand phone arrange မလုပ်ရသေးဘူး hand phone မပါဘူး. ဖုံးဆက်လို့မရဘူး။ တက္ကစီနဲ့ ခဲအိုဆီသွားတယ်။ ခဲအိုလိုက်လာတယ်။ စက်ကရိယာပုံ့းကိုင်ပြီး သူလဲ နှိုးလို့မရဘူး။ သူ့ကားကိုလည်းထုတ်လို့မရဘူး တစ်နေရာရောက်နေတယ်။ အဲသည်တော့ တက္ကစီနဲ့ဘဲသူို့သွားခေါ် အဲဒီတ္ကစိနဲ့ဘဲပြန်လာ အသွားအပြန်. သူလဲ ပြင်မရဘူး. အဲဒါဆို ကားဆွဲမှဖြစ်မယ်ဆိုပြီး. ကြိုးပြန်ယူမယ်ဆိုပြီး သူ့အိမ်တစ်ခါပြန်လာကြပြန်တယ။် ကြိုးထုတ်ပြီးသူက ဆွဲနည်းသင်ပေးတယ် သူက အရှေ့ကမောင်းမယ်။ ကိုယ်က အနောက်က မှေးမောင်း. ကြိုးက တန်းနေရမယ်။ ကြိုးလျော့သွားရင် ကိုယ်မောင်းတဲ့ကားကိုအရှိန်လျှော့ရမယ် သူ့လက်ကိုကြည့်နေရမယ်။ မောင်းဆိုမောင်း လျှော့ဆိုလျှော့ ရပ်ဆိုရပ်. ဟာ မလွယ်ဘူး အဲဒီအတွေ့အကြုံမ၇ှိဘူး။ မောင်းဘို့မရဲဘူးဖြစ်တယ်။ သူ့ကား ကိုသွားယူပြီးအရှေ့ကနေဆွဲမယ် ဆိုတယ်။ အားလည်းနာ မောင်းလဲမမောင်းရဲတာနဲ့ နေပါစေတော့ကားကို အဲဒီမှာဘဲ ထားခဲ့တော့မယ်မနက်မှ ဝပ်လျော့ကလူနဲ့ဘဲလားဆွဲတော့မယ်လို့ဆုံးဖြတ်လိုက်တယ်။ ကိုကို့ဆီဖုံးဆက်မရပါ. ဖုံးပိတ်ထားသည်။ အချိန်တန်ပြန်လာမယ်လို့နားလည်ထားပုံရ၏။




နောက်ဆုံးဆုံးဖြတ်ပြီး နောက်တ္ကစီတစ်စီးနဲ့အဲဒီကားဆီပြန်လာ လိုအပ်တာတွေပြန်ထုတ်. အဲဒီကားက offer ပေးပြန်တယ်။ သူအရှေ့ကဆွဲပေးမယ် အနောက်က မောင်းဘို့. နေပါစေလေ တော့ဆိုပြီး နမျောမျောနဲ့ပြန်လာတယ် ငါ့ကားလေးတော့မနက်ကြရင် ရျိပါတော့မလားလို့ကြံဖန်စိတ်ပူမိနေသေးတယ်။ ဟော်တယ်ပြန်ရောက်တော့ ကိုကိုက လမ်းလျောက်ရင်းစောင့်နေတယ် သနားပါတယ်။ သူ့ဖုံးပိတ်ထားတာ သူမေ့နေတယ်။ သူ့ဟော်တယ်ဖုံးကိုလည်းရောက်ရောက်ချင်းညဖြစ်တဲ့ကိုယ်က နံပါတ်မယူထားမိသေးတော့ communication တွေအားလုံးအောက်ကုန်တယ်။




အဲဒါနဲ့ အကျီိုးအကြောင်းရှင်းပြတော့ ဒါဆို ကားသွားဆွဲတာပေါ့ ဆိုပြီး ဘာလို့မမောင်းရဲရတာလဲ ဆိုပြီးအဆူခံရတယ်။ အဲဒါနဲ့ဘဲ အံကြိတ်ပြီး မောင်းရတယ်။ တက္ကဏီက အေ၇ှ့ကဆွဲ ကိုယ်က အနောက်က မောင်း .. ဘာမှ ကြောက်စရာမရှိဘူးဆိုပေမဲ့အသည်းယားတာဘဲ။ ကားကလဲပေါ့လိုက်တာ. နဲနဲလေးဆွဲရုံနဲ့ပြေးပြေးသွားတာ ဘရိတ်ထိန်းထားရတယ။် ရှေ့ကားကိုလဲ ဝင်တိုက်မိမှာ စိုးတော့ယောင်ယောင်ပြီးဘရိတ်ကြီးနင်းနင်းထားတာ သူ့ကားကို ဆွဲထားသလိုဘဲ တုံန့်အောင်လုပ်နေမိတယ်။ သူ့ကားကိုဝင်တိုက်မိမှာစိုးလို့ ခပ်စောင်းစောင်းလဲ လိုက်သေးတယ်။ တည့်တည့်လိုက်ပါ. တည့်တည့်လိုက်မှ တည့်တည့်ဆွဲလို့ရမှာပေါ့ လို့တ္ကစီ ဆရာကဆူတယ်။ ကိုကိုဘာလို့မမောင်းလဲဆိုတော့အစတည်း က သူသိတ်မောင်းလေ့မရှိဘူး အားကြီးစိတ်ဆတ်တယ်။ တစ်ခုခုဆို စိတ်တိုတာကအရင် ကိုယ်ကဘဲချော့လွန်းလို့လားမသိ.။




နောက်ဆုံးတော့ဝပ်လျော့နားကိုရောက်သွားတယ။် ဒီအတိုင်းဘဲကားထိုးထားခဲ့ပြီး အဲသည်တက္ကစီနဲ့ဘဲ ပြန်လာတယ်။ မနက်သုံးနာရီထိုးသွားတယ်။ ကားခစုစု ပေါင်းသုံးသောင်းလောက်ရှင်းလိုက်ရတယ်။

Friday, April 29, 2011

yangon 2011.7

ရေပက်မယ်ဆိုရင် မဏပ်ရွေးရတယ်။ ဘယ်မဏပ်သင့်တော်မလဲအရင်စဉ်းစားရတယ်။ ကိုယ်က ခဏရောက်လာပြီး လိုက်ရှာတော့ လင်ယူသလိုဘဲ အရွေးမှားရင် သိတ်မပျော်ရဘူး။ မဏပ်တွေက အကြမ်းဖျင်းတစ်ရက်ကို တစ်သောင်းခွဲ . အကြို အကျ အကြတ် အတက်.. တစ်ဖြည်းဖြည်းဈေးတက်သွားတယ်။ လေးရက်လုံးအတွက်စုဝယ်ရင်ပိုသက်သာလို့အဲသလိုစုဝယ်ကြတာများတယ်။ တစ်ရက်ဘဲလာတဲ့သူလဲရှိတယ။် နစ်ရက်စာက သုံးရက်စာလောက်ဖြစ်သွားတာလဲရှိတယ်ဆိုတော့ အားလုံးလေးရက်အတွက် စုဝယ်တာက ပိုတန်တယ်။ ဒါပေမဲ့စင်ရွေးမမှားဘို့တော့လိုမယ်။ အဲသလိုပြောတော့ လဲသြိ့ပီးသားလူတွေကို ဆရာလုပ်သလိုဖြစ်တယ်။ ခွင့်လွတ်ဘို့တော့လိုမယ်။



အကြိုနေ့က ထုံးစံအတိုင်းအပြင်မထွက်ရဘူး မနက်မုန့်စား ရေသောက် ဟိုလျှောက်ဒီလျှောက်ြီပီးပြန်အိပ်ပြန်တယ်။ သင်္ကြန်ပွဲကြည့်ချင်တဲ့သူကို ဘေးထားပြီးအိပ်နေတော့ရင်ထဲစိတ်ညစ်လိုက်တာ လိုက်အိပ်လို့လဲမရ. ရင်ထဲကလိကလိနဲ့ ပွဲကြည့်ချင်တာ ဘေးမှ မှောက်ရက်အိပ်လိုက် ကြမ်းပြင်ပေါ်ငုတ်တုတ်ကလေးထိုင်လိုက်နဲ့ စိတ်ညစ်နေတာ နောက်ဆုံးတားမရတော့ဘူးဆိုတာ သဘောပေါက်သွားတော့မှ အပြင်လိုက်ပို့တော့တယ်။

လမ်းတောက်လျှောက် ပုံတွေ ရိုက်ပေမဲ့ မှန်ပိတ်မောင်းတော့မှန်တွေ အနောက်ကရိုက်ရတော့အဲသည်ပုံတွေကိုတင်လို့မရဘူးဖြစ်တယ်။ အစ်မကို မှန်ထဲမှာတွေ့တယ်ဆိုရင် စိတ်တဇကဖြစ်ဦးမယ်။ လမ်းလျောက်ရိုက်တော့လဲအခြေအနေကြည့်ရိုက်ရသေးတယ်။ ကြည့်ရတာတွေကများနေတယ်။ ကင်မရာကရေစိုမှာစိုးလို့မယူဝံ့ဘူး။ ကိုယ့်ကိုရိုက်ရင်လဲမကြိုက်လို့ သူ့ကိုရိုက်ရင်လဲဆင်ခြင်ရိုက်ရတယ်။ အမှန်တော့ပုံထဲမှာထက် ကိုအပြင်မှာပိုစည်ပါတယ်။ ရေလုံးသိတ်များသေးတဲ့ အချိန်ဘဲရိုက်လို့ရတယ် ရေများလာပြီဆိုရင်တော့ သိမ်းသာထားလိုက်ပေ တော့ရေဝင်ပြီးပျက်ဘို့ဘဲ။ သိတ်ကောင်းတဲ့ပု့တွေကျပြန်တော့လဲသိမ်းထားရတယ်။ နောက်ပိုင်းကိုယ့်ပုံတွေ ကိုယ်နမျှောလာတယ်။ တစ်ချို့သောသူတွေ ကယူသွားမှာစိုးလို့ ဒါပေမဲ့သိတ်တော့ပူစရာမရှိပဘူးလေ. ခဥမ ပုံတွေကိုယူသွားတာ တစ်ခါမှ မတွေ့ဘူးသေးဘူး။ ဟိုတုံးကတော့ဇော်ဇော်တို့တွေ သက်ြန်ရက်တောက်လျှောက်ပုတွေတင်ပေးတာသတိရတယ်။ သူတို့လဲအပျက်ခြံီ့ပီးရိုက်ပေးခဲ့ကြတာဘဲ။ အဲဒီအချိန်ကမပြန်ဖြစ်သေးတော့ နေ့တိုင်းဘဲ အ်တာနက်ထဲဝင်ပြီး သင်္ကြန်ဘာပုံလေးများ တက်လာမလဲရှာရတာ အမောဘဲ။



ရွေးစရာက ကမာအေးရယ် ပြည်လမ်းရယယ် ကန်တော်ကြီးရယ်ရှိတယ်။ ကမာအေးနဲ့ပြည်လမ်းက နဲနဲသီးသန့်ဆန်သလိုဘဲ ကန်တော်ကြီးကပိုပြီး ပက်ဘလစ်ဆန်တယ်။ မြို့ကိုပတ်ကြည့်တယ် တရုတ်တန်းစကော့ဈေးဘက်တော့မရွေးတော့ဘူး ရေပက်ခံထွက်တာ ကိုငယ်ငယ်တုံးကလုပ်ပေမဲ့အခုသိတ်မကြိုက်တော့ဘူး ဘယ်ကဝင်လာမှန်းမသိတဲ့ ရေလုံးရေခွက်ကို ကြောက်တာရယ် နားနဲ့မျက်စိထဲဝင်မှာရယ်။ တန်းစီရတာရယ် သူငယ်ချင်းသိတ်မရှိတော့ တာရယ်ကြောင့် စင်ကိုဘဲရွေးလိုက်တာများတယ် စင်ရွေးဘို့အတွက် လိုက်က်ြည့်ရတယ် ဒီစင်ကတော့ ဘာဖြစ်တယ် ဟိုစင်ကတော့ညာဖြစ်တယ်ဆိုပြီး ကန်တော်ကြီး တောက်လျောက် လမ်းလျောက်ဖြစ်တယ်။ လမ်းအစပိုင်းကကျောတ့သိတ်အရှိန်မရသေးလို့ သိတ်မကဲတာရယ် လမ်းအဆုံးပိုင်းက ဘာဖြစ်သလဲ ဆိုတော့ကားတွေက လမ်းထဲက ထွက်မလာတော့ဘူး လမ်းဆုံးရင် ထွက်ရတော့မယ်ဆိုတာသိ တော့အထဲမှာဘဲ ပျော်နေကြတာများတော့ အားကြီးမျော်ရတယ်။ စည်တာတော့ စည်တာပါဘဲ ။ fuzzy ရွေးတာကိုပြောတာ. ပွဲက အလည်မှာ ပိုစည်တယ်။ ဒါကောတ့ထုံးစံဘဲပေါ့ ။



လျှေက်ကြည့်ရင်းနဲ့ ဆိုင်းဘုတ်တွေလိုက်ဖတ်တယ်။ တစ်ရက်ဘယ်လောက် နစ်ရက်ဘယ်လောက် အာလုံးဆိုဘယ်ေလောက်. ရက်အားလုံးယူတာကို all day လို့သုံးလေ့ရှိတယ်။ ဆိုင်းဘုတ်တွေသွားဖတ်ရင်းနဲ့ နန်းညီ နာမည်ကိုမြင်တယ်။ အံသြသွားတယ် ကလေးလို့သတ်မှတ်ထားတဲ့သူတစ်ယောက် ဒီလို ကန်တော်ကြီးမဏပ်တစ်ခု နာမည်ကြီးတစ်ခုမှာ တော်တော်များများကို ဒီဇိုင်းဆွဲတယ်ဆိုတာ မယုံနိင်လောက်အောင်ဖြစ်သွား တယ်။အ ထင်သေးထားတာမဟုတ်ပါဘူး အနားကပ်ကြည့်တယ် နည မှ နညပါလေ။ ဘယ်မန်းဒတ်လဲဆိုတာတော့နည ကိုဘဲမေးကြည့်တော့...




Thursday, April 28, 2011

yangon 2011.6




ဘာရယ်လို့တော့လဲမဟုတ်ပါဘူး အကြီးအကျယ်တော့ပြင်ဆင်တာဘဲ. သင်္ကြန်သွားမယ်။ ရေပက်မယ်ဆိုရင် ခေါင်းစိုမယ်။ ခေါင်းလျှော်ရမယ်။ ခေါင်းလျှော်ဘို့ ဘူးလိုမယ်။ သင်္ကြန်ဝန်းကျင်ဖြစ်တာရယ် ကြီးကြပ်သူအနားမှာရှိတာရယ် ကြောင့် ရှော့ပင်းမလုပ်ရဘို့ကသေချာသလောက်ဘဲ ကိုယ့်ဘာသာကိုယ်ဝယ်ထည့်သွားတာကသေချာမယ်။ ထင်တဲ့အတိုင်းဘဲ လုံးဝ ရှော့ပင်းမော်ထဲကိုမရောက်တဲ့အပြင် ..ဘေးကတောင်ဖြတ်မလျောက်ရပါဘူး။ သင်္ကြန်အနီးဆိုတော့ စည်တော့စည်သား ရှော့ပင်းအဝမှာရော သီချင်းတွေ ကျယ်ကျယ်လောင်လောင်နဲ့စည်ကားရောင်းဝယ်ဖောက်ကားနေကြတာဘဲ။

ခေါင်းလျှော်တာ တော့အဲသည်မှာတန်တာဘဲ အကြမ်းဖျင်း နစ်ထောင်လောက်ဆိုရင် လျှော်တယ်။ dryer လုပ်ပေးတယ်။သေသပ်သွားတာပေါ့ . ကိုယ့်ကိုယ်ကို confidence ပိုရှိတယ်။ သည်မှာတော့အကြမ်းဖျင်းမြန်မာဆိုင်မှာ စလုံး ၁ ၅ကျပ်. ဆိုင်နဲနဲကြီးရင် စလုံး ၃၀ လောက်ဖြစ်သွားတယ်။ လှချင်တော့လဲ တစ်ခါတစ်လေတော့လဲလုပ်မိတာဘဲ။ ထိုင်ရက်ခေါင်းလျှော်ပေးမယ်ဆိုတဲ့ဆိုင်လဲတွေ့ဘူးတယ် လက်မခံချင်တာနဲ့ ဆိုင်ထဲ့ပြန်ထွက်မယ်လုပ်ဘူးတယ်။ခေါင်းလျှော်ရင်ရေနွေးနဲ့လျော်တာမကြိုက်ဘူး အေးတာနဲ့ကြိုက်တယ်။

ဒါပေမဲ့သင်္ကြန်တွင်းဆိုတော့ဆိုင်တွေဖွင့်မှာမဟုတ်ဘူး.ဒါကြောင့်မို့ဝယ်သွားရတယ်။ နဲနဲ တော့ လေးသွားတာပေါ့. Brand ကတော့အမြဲစွဲလမ်းတာမရှိပါဘူး ကြုံသလို သုံးလိုက် တာဘဲ။ ဈေးတော့သိတ်မကြီးစေချင်ဘူးပေါ့။ လက်ပတ်နာရီလဲဝယ်ထားသေးတယ်။ စလုံးနစ်ဆယ်။ ရေစိုခံတယ်လို့တင်မက ရေထဲပါ ဒိုင်ဗင်ထိုးလို့ရတယ်။ မပျက်ဘူးဆိုတာ တစ်ကယ်ဘဲ. ရေလုံးထဲမှာအေးအေးဆေးဆေးဘဲသူများတွေ ဘယ်နစ်နာရီလဲသိချင်နေတဲ့အချိန်မှာကိုယ်က လက်ကလေးကိုထိုးပေးလိုက်ရုံဘဲ။



လူတစ်ယောက်ကို စကားစပြောဘို့ဆိုတာ တစ်ချို့လူတွေ အတွက် သိတ်ခက်ခဲပေမဲ့ကိုယ့်အတွက်တောသိတ်လွယ်တယ်။ အခုမှ စတွေ့တဲ့ သူကို မိတ်ဘယ်လိုဖွဲ့မလဲ။ လေ ယဉ်ပေါ်မှာ ကတည်းက ဘေးကကောင်မလေးကို စမိတ်ဖွဲ့ရာမှာ အတူတူ ထမင်းစားဘို့ လေယဥင်္မယ်ကလေးက ဘန်းလာပေးတာမှာ ပြုံးပြတာကစလိုက်တာဘဲ. စားလို့ကောင်းလား တို့တော့သိတ်မကောင်းဘူး ချိုလိုက်တာနော် ဆိုပြီးစလိုက်တာဘဲ။ သမီးကလေးက ဒီမှာနေတာလား အလည်ပြန်တာလား လို့စလိုက်တာဘဲ သမီးကလေးကမဖြေဘဲဘေးက မာမီက ဝယ်ဖြေလိုက်တာကစပြီး သုံးယောက်သား စကားစပြောလိုက်ကြတာအမျင်မပြတ်ဘူး ဖုံးနံပါတ်တောင်ပေးလိုက်ရသေး တယ်။ ခင်သွားကြပုံများ။




စင်ပေါ်မှာကော တစ်ယောက်ထဲသွားတာမကြောင်ဘူးလား ဟင် မကြောင်ပါဘူး ဘေးက ကောင်မလေးကိုကြည့်ပြီး သမီးလေးဆွဲထားတဲ့ ခရေပန်းကလေးကမွေးလိုက်တာနော် ခရေတွေပွင့်နေပြီလားကနေစလိုက်တာဘဲ။ ဒီနားတိုး ဟိုဘက်ကပ်. အဲသလိုနဲ့ ခင်သွားတာဘဲ အတူလာတယ်လို့တောင်ထင်မိကြဦးမယ်။ ဓါတ်ပုံတောင် အပြန်အလှန်ရိုက်ပေးလိုက်ကြသေးတယ်။ ပို့ပေးမယ်ဆိုပြီးညာလာတာအ ခုထိမပို့ပေးရသေးဘူး။

သုံးယောက်လာတဲ့ကောင်မလေးတွေနဲ့လဲခင်သွားတာဘဲ တစ်ချို့ကရေမပက်ချင်ဘူး ကချင်တာ. ရေပိုက်ကိုင်ပြီးသူ့ဖီလင်နဲ့သူကနေတာ တစ်ချို့တော့လဲအုပ်စုလိုက်လာတယ်။ ပက်ချင်တဲ့သူ ကသိတ်များတော့ နေရာမရှိတာ လက်ကလေးကနေစဝင်လာရတယ်။ အချင်းချင်းဘဲလေ ဆိုပြီးလက်ကလေးကို ခွင့်ပြုလိုက်ရင် ခဏနေတော့ ကိုယ်လုံးကလေးကဝင်လာတယ။် ခဏနေတော့သယ်ချင်းနစ်ယောက်ကဝုန်းဆို တိုးဝင်လာတယ် သီချင်းနဲ့အတူ ခုန်လိုက်ကြတာမှာ ယိမ်းထိုးလိုက်တာမှ သူတို့ယိမ်းလို့ ရအောင်ကိုယ် က နောက်ဆုတ်ပေးလိုက်ရတယ်။ အဲသည်မှာနေရာပျောက် သွားပြန်တော့ တာဘဲ။ အားနာတတ်တဲ့သူခံရတာဘဲ ခဥမတို့ကတော့စင်နဲ့ဘိုက်နဲ့ကပ်ထားပြီးသား. ကော်နဲ့ကပ်ထားတယ်လို့တောင်အော်ဆိုလိုက်ချင်သေး....

Wednesday, April 27, 2011

yangon 2011.5



မျိုးပြောလို့ sun block 50 အားဝယ်သွားတယ်။ နောက်တစ်ခုက ညဘက်လိမ်းရတယ်။ မဲသွားတာတွေ ပြန်ပျောက်တယ်ပြောတာဘဲ. ရန်ကုန်မှာတုံးကတော့လိမ်းဖြစ်သား အခုတော့လိမ်းဘို့ပျင်းသွားပြီ. ကုန်လဲမကုန်နိုင်သေးဘူး ဘူးကြီးက ကြီးနေတယ။် တန်အောင်လို့ထပ် ပြန်ရမလိုဖြစ်နေဘီ။


Sunday, April 24, 2011

yangon 2011.4



သင်္ကြန်ကို တစ်နေရာကိုရွေးဖြစ်တယ်။ ရေပက်တာ က နဲနဲပါ. ပွဲကြည့်တာက များများ။ စင်ပေါါ်က ဆိုောတ့အားလုံးကို စီးမြင်ရတယ်။ ရေလဲပက်ရတယ်။ စင်ပေါ်က ကတာကိုလည်းပွဲကြည့်လို့ရတယ်။ ကလို့လဲရတယ်။ ကတာက သိတ်မကတတ်ပါဘူး ဒါပေမဲ့ ဟိုလှုပ်ဒီလှုပ်ပေါ့။

စင်တွေမှာ DJ တွေ ရှိတယ်။ DJ ဘာဖွင့်မလဲဆိုတာ ကို နားထောင်နေကြတယ် DJ ကောင်းတဲ့ စင်မှာလူပိုများတယ် သူက ပရိသတ်ကို entertainment ပေးနိုင်တယ်။ ဝင်ပြီး involve ဖြစ်လာနိုင်အောင် လုပ်နိုင်တယ်။ သူဖွင့်တဲ့သီချင်းတွေပေါ်မှာ မူတည်ပြီး ကကြတာဘဲ ဘယ်လိုမှ မကတတ်ရင်တော့လဲ ရပ်ပြီး ဟိုကြည့်ဒီကြည့်ကြည့်နေလိုက်ကြတတော့တာဘဲ ရေပက်တဲ့ သူက နည်းပြီး ကတဲ့သူက များနေတာဘဲ. stage ပေါ်မှာ အနှေးကတဲ့သူကလဲက အမြန်ကတဲ့သူကလဲက. လှူပ်ချင်တဲ့သူကလဲလှူပ်.ခုန်ပေါ့က်တဲ့သူကလဲခုန်ပေါက် ပျော်ဘို့ကောင်းတယ် သူဘဘယ်သူလဲ သိစရာမလိုဘူး ကိုယ်ဘယ်သူလဲ သိစရာမလိုဘူး.အဲကင်မရာကိုတော့ နဲနဲကြောက်ကြတယ် စင်ရှေ့လာရိုက်ရင် ဟာ ဓါတ်ပုံ ရိုက်တယ်ဆိုပြီး ဟိုဘက်လှည့် ဒီဘက်လှည့်နဲ့ ရှောင်ကြတယ်။

စင်ပေါ်လဲတက်တက်ကကြလို့ တစ်ချို့နေရာတွေမှာ ရေပိုက်တွေ ကျိုးမှာ စိုးလို့လာလာဆွဲချရတယ်။ ရေပိုက်တွေက စင်ပေါ်မှာလဲ ရေပန်းလိုမျိုးဖြန်ေးပး ထားသေးတာကို. ခပ်ဝဝတစ်ယောက်က အားရပါးရတက်ကလို့ဝိုင်းပြီးမေတာပို့ကြတယ် ကျိုးရင်အခက်.ဆိုပြီး. ကိုယ့်မှာလဲ အနောက်ကိုလှည့်ကြည့်လှည့်ကြည့် သူကျိုးကြရင် ကိုယ်ကအပေါ်ပိမှာစိုးလို့ ဝေးတော့ဝေးပါတယ်။ ကြားကလူတွေ ပိုအီမယ်။

အစ်မ ဘယ်သူပါလဲ မေးကြတယ် သူငယ်ချင်းပါတယ်တို့ အမျိုးပါတယ်တို့ လို့ဖြေပြီးအနောက်ကို လက်ညှိုးထိုးပြလိုက်တယ် မနစ်ကတော့ နဲနဲရိုးသေးတယ် တစ်ယောက်ထဲ လာတယ်လို့ဖြေတယ်။ ဒီနစ်ကတော့နဲနဲပိုလည်သွားပြီ။ ကောင်လေး နစ်ယောက် ကောင်မလေးသုံးယောက်လာတဲ့ အုပ်စုနဲ့တွေ့တယ် ကောင်လေးတစ်ယောက် က ထိန်းထားနိင်တယ် ချာတိတ်မလေးကို အငယ်မ အငယ်မနဲ့ခေါ်ပြီး မောင်နစ်မ သူငယ်ချင်းလို ဆက်ဆံတယ်။ ကိုယ့်ပစ္စည်း ကိုယ်စောင့်ရှောက်ကြတာပေါ့ ကောင်မလေးတွေက အရှေ့ကရေပက် သူတို့က အနောက်မှ နေပြီး ကရင်းနဲ့ စောင့်ေ၇ှာက်ကြတယ် ဘယ်သူ့ဘယ်သူမှလဲ မထိခိုက်ကြပါဘူး။ မောင်လိုနစ်မလိုပါဘဲ. မတော်တဆထိမိရင်လဲ သည်းခံကြတယ်။ အဲ အဲဒီကောင်လေးကတော့ရေတွေများလာရင် သူ့ဆီမှာ sun block လိုဟာမျိုးထုတ်ပြီးကောင်မလေးတွေ ပါးကိုသုတ်ပေးတယ် ကိုယ့်ပါးကိုလည်းလာသုတ်တယ် သည်းခံတာပေါ့ ဒီကလည်းအသုတ်ခံချင်နေတဲ့ဟာ. ကရင်းနဲ့ ခုန် ခုန်ကကြတော့ အငယ်မ ပုခုံးကို ဆွဲလှုပ်လိုက် အငယ်မ ကက.ဆိုပြီးလှုပ်. ကိုယ့်ပုခုန်းကိုလဲ ဆွဲလှူပ်. ကက. ဆြွဲီပီး ကိုယ်လဲ အလှုပ်ခံတာဘဲ ပျော်စရာကြီး.

အဲ ကရင်းနဲ့ အဲဒီကောင်လေးက ကိုယ့်ခါးကိုလာဖက်တယ်။ အဲ. အဲသာတေ့များသွားပြီ. ဟဲ့ဟဲ့ နင်ငါ့ခါးကို မဖက်နဲ့ အနောက်မှ အမျိုးတွေ ရှိတယ်ဆိုတော့ တစ်ကယ်လားတဲ့ တစ်ကယ် ဆိုတော့ အင်းအင်းဆိုပြီး ထပ်မဖက်တော့ဘူး အငယ်မ တို့ဘဲပြန်လှည့်သွားတော့တယ် မောင့်ကိုပြန်ပြောောတ့ ဂုဏ်ယူစရာပေါ့ကွာ. ခါးအဖက်ခံရတယ်ဆိုတာ သုံးလို့ရသေးလို့ပေါ့လို့အားပေးတယ်။ မင်းဘိုက်ပူကြီးပြလိုက်သေးလား မေးတော့ ဟင့်အင်း စင်ရှေ့က နရံနဲ့ဖိပြီးဖွက်ထားတယ်လို့ပြောလိုက်တယ်။



မောင်က ပွဲလျှောက်ကြည့်တယ် .သူက ကိုယ့်ကိုသူနဲ့ လိုက်စေချင်ပေမဲ့ငြင်းလိုက်တယ် ကိုယ်က ပွဲကြည့်တာ များနေပြီ ဝင် ခုန်ချင်တာ.အဲဒါနဲ့စင်ဘေးလိုက်ပို့ပြီး လစ်သွားတယ်။ ဟော်တယ်ပြန်အိပ်နေတာပေါ့ မယုံလဲနေ. မပြန်ခင် ရပ်ကြည့်နေလို့ စင်နောက်သွားပြီးပုန်းပြီး ခုန်ပေါက်ရတယ်။ သူရပ်နေကျနေရာလှမ်းကြည့်ပြီးမရှိတော့ ဘူးဆိုမှစင်ရှေ့ ထွက်ပြီး တစ်ခါ ပြန်ခုန်.။ စိတ်လွတ်ကိုယ်လွတ်သီချင်းတွေအော်ဆို. တစ်ခါတစ်လေ ခြေစုံခုန်သေးတယ် ပျော်တယ်။ ဒုံး ဒုံး ဆိုပြီး။ ခြေစုန် မြေကြီးအလွတ် ခုန်ကြည့်ပြီးသီချင်းအော်ဆိုကြည့်ပါလား ။ ခံစားချက်မိုက်တယ်။

တစ်ချို့သီချင်းတွေ က ကိုယ်အ့နေနဲ့ အခုမှကြားဘူးတာ အသက်၃၉ လဲပါတယ် ဘိုက်ပူတာလဲ ပါတယ် ဂျုံးဂုံးကြနေပြီ. ဂျုးံဂျုံး ကျနေပြီ ဆိုတဲ့သီချင်းလဲ အတော်အအော်ဆိုကြတယ်။ ဆိုရုံတင်မက ခြေနစ်ဘေက်ကို စုံ အပေါ်ကို ခုန်ပြီး ခုန်ကြတာ. ဂျုးံဂျုံး ကျနေပြီ x2 ဆိုပြီးအော်ဆိုကြတာတော့ မနေတတ် မထိုင်တတ်တောင်ဖြစ်မိတယ်။ ငါ့များစောင်းပြောသလိုဘဲဆိုပြီး.

ဗီဗီဟိန်းရဲ့ အလှုအိမ်သို့ကြွကြပါဗျို့ အင်္ဂလိပ်သီချင်းလား. အဲဒီ ဗားရှင်းသီချင်းလဲ ခေတ်စားတယ်။ မျိုးကြီးသီချင်းတွေ လဲခေတ်စားတယ် သီချင်းတွေ ကတော့မျိုးစုံးဘဲ အတော်လဲရကြတယ်. လိုက်လိုက်ဆိုကြတယ်။ အားရပါးရဘဲ အဲဒီအခါဆို DJ က သီချင်းသံကိုတိုးလိုက်ပြီးပရိသတ်အသံကိုများအောင်လုပ်ပေးတယ်။ ကိုယ်ကတော့ မရပါဘူး ဝါးချရတာဘဲ။ တွေ့တဲ့လူနဲ့မိတ်ဖွဲ့လိုက်တာဘဲ။

ဒါတ်ပုံရိုက်ခဲ့သေးတယ် တစ်ကယ်လှတာ. ခလေးတွေ နဲ့ ပြန်ဖိုက်လို့ရသေးတယ်။ အန်တီ အန်တီနဲ့ လာခေါ်ကြတာ စိတ်မထိန်းနိုင်ရင် တင်လိုက်မိတော့မယ်။ မလျော့သေးဘူးလား မေးတဲ့သူတွေ ကို ဒါတ့်ပုံနဲ့ တစ်ကွ သက်သေပြခဲ့တယ်။ယုံသွားတယ်။ ထူးတေဇာထဲကလိုကဘူး ။ ခုန်ခုန်ပြီးကတာ။ လှုပ်လှုပ်ပြီးကတာ. ပျော်လိုက်တာ. သီချင်းတွေလဲ မရလဲ ဝါးချလိုက်တာဘဲ သူများတွေ ဆိုသလို လိုက်ဆိုတယ်။

လူငယ်တွေ အမဲရောင် တွေ အဝတ်များတယ်။ နေရာတစ်ကာအနက် ရောင်တွေချည်းဘဲ။ အဲဒီစင်တွေမှာ တစ်ကယ်ကကြတာ. အနောက်တိုင်းအက ကိုသေချာကကြတယ်။ ကြိုးစားပန်းစားကကြတယ် ဘယ်သူ့ဘယ်သူမှ မကြည့်ဘဲနဲ့ ကိုယ့်ဖီလင်နဲ့ကိုယ်ကကြတယ်။ တစ်ယောက်ထဲလဲကနေတာဘဲ။ နစ်ယောက်တွဲလဲ ကတာဘဲ။ စင်ပေါ်ပိုက်ဆံပေးတက်တာ ရေပက်လို့လား ကဘို့လား တောင်ပြန်စဉ်းစားရတယ်။

စင်အောက်မှာလဲ အသေကကြတာဘဲ. လမ်းတွေ ပိတ်ကုန်လို့မနည်းရှင်းယူရတယ။် လုံခြုံရေးတွေ က လာလာ ဆွဲပြီးကားပေါ်ပြန်တင်ပေးရတာတို့လးမ်ရှင်းယူရတာတို့ လမ်းပေါ်ပြန်တင်ပေးရတာတို့ ဝီစီသံတွေ ဆိုတာ ဒလပ်စပ်ဘဲ စင်အောက်လူက ပိုတန်တယ် ပိုကဆံပေးစရာမလိုဘူး စင်ပေါင်းစုံလှည့်ကနေလို့ရတယ်။




You are still a whisper on my lips
A feeling at my fingertips
That's pulling at my skin

You leave me when I'm at my worst
Feeling as if I've been cursed
Bitter cold within

Days go by and still I think of you
Days when I couldn't live my life without you
Days go by and still I think of you
Days when I couldn't live my life without you
Without you
Without you

You are still a whisper on my lips
A feeling at my fingertips
That's pulling at my skin

You leave me when I'm at my worst
Feeling as if I've been cursed
Bitter cold within

Days go by and still I think of you
Days when I couldn't live my life without you
Without you
Without you

Days go by and still I think of you
Days when I couldn't live my life without you
Days go by and still I think of you
Days when I couldn't live my life without you

ရေတွေများလို့ ကင်မရာမထုတ်နိုင်တော့ဘူး တစ်လုံးကအဲဒီရက်ပိုင်းက ပျက်သွားပြီဆိုတော့တစ်လုံးဘဲကျန်တော့ သိတ်မထုတ်ရဲတောကဘူးဖြစ်တယ်။ ပျက်ရင် communication ပြတ်သွားမှာ စိုးလို့ ဒါပေမဲ့များသောအားဖြင့်တော့ပျက်သလားမသိဘူး။ တစ်ချို့တော့လဲ မယူခဲ့တဲ့သူ. ဒါပေမဲ့ယူခဲ့တဲ့သူများပါတယ်။ ရေလုံးများရင် သိတ်မထုတ်ဘူးပေါ့. ဒါပေမဲ့ လဲမကြားရပါဘူး စင်ပေါ်မှာ ဒီလောက်ဆူညံနေတာ နစ်ရက်လောက်နားအူပြီးကျန်ခဲ့တ။် နားတောင်လေးသွားပလားအောက်မေ့တယ် ဟင် ဟင် နဲ့ ပြန်ပြန်မေးနေရတာနစ်ရက်လောက်ကြတာယ တီဗွီထဲမှာ နားဆရာဝန်က သိတ်မကလော်ပါနဲ့ လို့ပညာပေးတယ်ဆိုတာ ကလော်ပြီးမှ သိတယ။်။



မောင်က သင်္ကြန်ရက်အတွင်းပြန်သွားတယ်။ လေယဉ်ကွင်းလိုက်ပို့ပြီး အမြန်ဝင်သွားပါစေ ဆုတောင်နေတာ သိရင်သတ်မှာဘဲ။ ရည်းစားဟောင်းနဲ့လား တွေ့ပါတယ် ။ one of the က စိန်နားကပ်တစ်ဘက် တပ်ပြီး စိန်လက်ကောက် ဝတ်နေတယ်။ စိတ်တော့ မှန်တယ်ထင်တာဘဲ။

Saturday, April 23, 2011

yangon 2011.3

သူသူ ကိုယ်ကိုယ်



လူတစ်ယောက်က ကိုယ်လုပ်ချင်တာကိုတော့လုပ်ခွင့်ရှိသင့်တယ်။ အမြဲတော့ မဟုတ်ဘူးပေါ့ especially holidays မှာ….



ကိုယ်ရန်ကုန်သွားမယ်ဆိုတာ ကိုယ့်ဆုံးဖြတ်ချက်နဲ့ကိုယ်။ သူရန်ကုန်သွားမယ်ဆိုတာ သူ့ဆုံးဖြတ်ချက်နဲ့သူ။ အကြောင်းတိုက်ဆိုင်တော့ ရန်ကုန်မှာ သွားဆုံတယ်။



သူသွားတာ သူ့အချိန်နဲ့သူ။ ကိုယ်သွားတာ ကိုယ့်အချိန်နဲ့ကိုယ်။ ကားတစ်စီး နစ်ယောက် စီးမလောက်တာထား။ ဟန်းဖုံးတစ်လုံး နစ်ယောက် မလောက်တာထား. ။။ ဖြေရှင်းလိုရတယ်။ ပြသာနာက အချိန်ခွဲဝေပုံခြင်းမတူတာဘဲ။ သူဟာ သိတ်ကိုစည်းကမ်းတစ်ကျနေတတ်သူ. ကိုယ်က စည်းကမ်းမကျနေတတ်သူ။




စိတ်ဆင်းရဲတာ မနက်ဆို စောစောထရတယ်။ သူကနိုးနေပြီ။ မင်းလိုက်မှာလား မလိုက်ရင်ငါက သွားတော့မှာနော်ဆိုရင် ကျုံးရုံးထရပြီ. မုန့်ဟင်းခါးသွားစားတယ်။






တစ်ဆိုင်ထဲမှာဘဲ နေ့တိုင်းစားတယ်။ ပျင်းစရာကြီး။ သူမို့မပျင်းတယ်။





ပြီးရင် ဟိုနားဒီနားသွားတယ်။ ပြီးရင် နေပူတယ်ဆိုပြီး ပြန်လာတယ်။ လာလာ. အပြင်မှာသိတ်ပူတယ်။ အိပ်ကြစို့ ဆိုပြီး အဲကွန်းလေးနဲ့ဇိမ်နဲ့အိပ်သွားရော. မအိပ်ချင်တာက ကိုယ်။ နိုင်ငံခြားကနေ ကြိုးစားပမ်းစားခွင့်ယူလာပြီး အိပ်နေရမယ်ဆိုတာလောက်စိတ်ဆိုးတာ မရှိဘူး။ မအိပ်ချင်တာကိုကြိုးစားအိပ်။ ညနေရေချိုး ဟိုနားဒီနားလျှောက် ဟိုအမျိုးဒီအမျိုးအိမ်သွား နဲနဲမှောင်လြာီ့ပီဆိုရင်ပြန်ကြစို့ ဆိုပြီး တစ်ခါပြန်



တီဗွီလေးဖွင့် ပြီးရင်အိပ်သွားပြန်ရော. အင်တာနက်ရှိသလားဆိုတော့လဲ ဟော်တယ်လေးက မရှိပြန်ဘူး အိပ်မရဘူးဆိုပြီး ထထိုင်နေလို့လဲမရ. နစ်ယောက်ရှိတဲ့အထဲတစ်ယောက်က အိပ်နေပြန်တော့လှူပ်စိ လှူပ်စိလဲလုပ်လို့မရ. သိတ်ခက်တယ်။ ဒီလောက်ပျင်းစရာကောင်းတာ သူမို့နေနိုင်တယ်။ စိတ်ဆိုးလားဆိုတော့ဆိုးတယ် သိတ်ဆိုးတယ် ဒီလိုမှန်းသိရင် လုံးဝမလာဘူး ဆိုတော့မှ လမ်းထွက်ခွင့်ရသွားတယ်။

ဓါတ်ပုံလဲ မရိုက်ရဘူး မကြိုက်ဘူး ငြိမ်ငြိမ်နေစမ်းပါ ဆိုတာနဲ့ငြိမ်နေရတယ။် ကားက အဲကွန်းဖွင့်မောင်းတော့မှန်ပတ်လည်နဲ့ ဓါတ်ပုံရိုက်ရင် အရိပ်တွေ ပါကုန်မှာစိုးတာနဲ့မရိုက်ရပြန်ဘူး။ စူပါဗိုက်ဆာ သိတ်ကြပ်တယ်။ လမ်းဘေးထမင်းကြော်စားတယ်။ ဘတ်စကားလဲစီးတယ်။






နစ်ရာတန်စီးလိုက် ငါးဆယ်တန်စီးလိုက်နဲ့ ။ ကပ်စေးနည်းလို့လား ကြိုက်လို့လားေးမရင်တော့ကြိုက်လို့လို့ဖြေမှာဘဲ။ အချင်းချင်းတောင်ညာချင်သေးတယ်။





မစားခဲ့ရပါဘူး စားသောက်ဆိုင်ဆိုရင်တော့လဲညာပြေသလိုဖြစ်မယ် နဲနဲတော့စားရပါတယ်။



သူလုပ်ချင်သမျှ လိုက်လုပ်နေရတော့ကိုယ့်စိတ်နဲ့ကိုယ်မဖြစ်ဘူး . မလုပ်ပါနဲ့လို့ ပြောပေမဲ့ လဲခက်တယ်။