Tuesday, October 1, 2013

1st October 2013



















ငါရဲ့ညစာ ကဗျာမဆန်ပါဘူး. ဘဝလဲ မဆန်ဘူး ရိုးရိုးရှင်းရှင်းဘဲ. စလုံး သုံကျပ်နီးပါးဆိုတော့ မမငွေ နစ်ထောင်နဲနဲ ကျော်လောက်ပေါ့ ။ တန်တယ်မတန်တယ် မတွေးပါဘူး မချက်ရရင် ပြီးတာဘဲ ညက ထမင်းအိုးလေးအိမ်ပေါ်က ဆင်းသွားမှာစိုးလို့ကမန်းကတန်း ချက်ပြီး ငါးခြောက်ဖုတ်နဲ့ လက်ဘကနဲ့စားလိုက်တယ်။ မကုန်ပြန်ဘူး မနက် သွန်ရပြန်တယ် . တစ်ဆယ်တန် ငါးကီလို ဆန်အိတ်လဲ ပိုးတတ်ပြန်ဘီ. ပလတ်စတစ်ဘူး အခုထက်ထိမဝယ်ရသေးဘူး။ မအားတဲ့အခါ မအားသလို အားတဲ့အခါလည်း သတိမရဘူး။
 
 
ဒဂုံမြောက်ဘက်မှာ မြေကွက် သွားကြည့်ကြတာ အိမ်အစုတ်ကလေးပါတာကို သိန်းရှစ်ရာတဲ့ ရေမြုပ်နေသေးသတဲ့. တောင်ဥကလမှာ လွန်ခဲ့တဲ့ငါးလလောက်က သိန်းထောင့်ခုနစ်ရာလောက်နဲ့ကြည့်ပြီးမဝယခဲ့တဲ့သဘော်သား အခု ပြန်လာတော့သိန်းသုံးထောင်ဖြစ်နေပြီတဲ့ ရှာလာတာ စိတ်ညစ်ရပြန်ပြီတဲ့ဘာမှ မဟုတ်ပါဘူး Update လုပ်တာပါ. ဝယ်မလို့လား မဝယ်ပါဘူး ဒီအတိုင်းလျှောက်ပြောတာ.

ဖဘကသူငယ်ချင်းဆိုတာ သူငယ်ချင်းမဟုတ်ပါဘူး ဘဝထဲက လူတွေ ကမှ သူငယ်ချင်းရယ။် စိတ်တွေ ကို လျှော့ထား ဒီနေ့အိမ် အစောကြီးပြန်ရောက်တယ် ခလေးတွေ ဆော့နေတာ ကြားရတာလဲ ကောင်းတာဘဲ လူပီသတာပေါ့ မဟုတ်ရင် တစ်နေ့တစ်နေ့ မချောင်ဘူး။

အိမ်ပြန်တာ လွယ်တာ မဟုတ်ဘူး. တက္ကစီစီးတယ် . လမ်းလျောက်ရတယ် . ဘတစ်ကားစီးရတယ် လမ်းလျောက်ရတယ် ဘတစ်ကားစီးရတယ်။ ရထားစီးတယ် လမ်းလျောက်ရတယ် ဘတ်စကားပြန်စီးတယ် ထမင်းဝင်ဝယ်တယ်။ ဖုံးတွေ လာတယ် အမျိုးဆီကာ ပြန်မဆက်နိုင်ဘူး မောတယ် လမ်းလျောက်ရင်းနဲ့ပြောရတာ လွယ်တာ မဟုတ်ဘူ အဝေးကြီးက ပြန်လာ တာ ရေဘူးပါတယ် ထီးပါတယ် အနွေးထည်ပါတယ်။ ပိုက်ဆံအိတ်နစ်အိတ်ပါတယ် အကြွေ နစ်ခု ပါတယ်။ စာရွက်တွေ ပါတယ်။ ဘော်ပန်တွေ ပါတယ်။


အလုပ်သိတ်များ ပဆပ်တွေ အများကြီးရမှာပေါ့ တဲ့ ရပါဝူး ဒေါ်လာနဲ့ရတဲ့သူ ပိုရတာပေါ့ ။ဘယ်လိုဘဲရရ အလုပ်ရတာ ဝမ်းသာတာဘဲ . ကိုယ်ပိုင်လုပ်နေတဲ့လူတွေ ကတော့ပိုကောင်တာပေါ့ ဘာမှ မလုပ်ဘဲ နေနိုင်ရင် ပိုကောင်းသေးတယ်။ ကျန်းမာရင်ပြီးတာဘဲ.

6 comments:

Anonymous said...

ကျန်းမာပါစေပေါ့

Aungnyc said...

လူ တိုင်း ကြုံ တွေ့ ရင် ဆိုင် နေ ရ တဲ့ တနေ့ တာ ရုန်း ကန် နေ ရ တဲ့ ဘ၀ နော်။။ ဒီ မှာ လည်း အ တူ တူ ပါ ပဲ။

Anonymous said...

ရန်ကုန်အလည်ပြန်သွားပြီထင်နေတာ

Anonymous said...

yesterday was my first time reading blog sites..i reached a lot of blogs from cooking sites..i used to visit only fb and cooking sites..i was not familiar with these sites.Gladly i found out most are very good at writing like famous writers.the sad thing is almost all sites stopped updating..but i found ur blog sis..ur blog is still active and up to date..writing and ideas are simple but attractive.It's like listening to a friend who is sharing all good and bad things of her life.i found here a lot of same feeling and thinking with me(Singapore life?lol) i read ur September posts yesterday,now on August :)Carry on sis, i ll visit here often.i just want to write to u but don't know how to do..so i left comment here..(no idea is it right or not).pls correct me if i make any mistakes.Fighting!!! Be happy and healthy..

Anonymous said...

btw, I'm CHO, sis.. Very Nice to meet u :)

Bino said...

တိုတိုလေးနှင့် ထိရောက်တဲ့ Post လေး။

Bino