Friday, October 4, 2013

3rd October 2013
























မောင်သည် ခင်တစ်ယောက်ထဲ ဘာတွေများစားနေမှာလဲ စိတ်ပူသည်. ။ စားစရာရှိပါ့မလားစိတ်ပူသည်။ ခင့်အတွက်ပူစရာမလို.ခ င်တွင်စားစရာများပိုလျှံရွေ့နေသည် ဘိုက်ကလဲဆာပြီးရင်းဆာသည် စားပြီးလျှင် နောင်တရသည်။ ပိန်ချင်သည်မှာလည်း နစ်ယောက်မရှိ.ဝလာသည်မှာလည်းနစ်ယောက်မရှိ. ဘိုက်ခေါက်ကလေိးကု ဆွဲကြည့်လျှင် လက်သုံးလုံးလောက်ရပြီဖြစ်ည ဒါကြောင့်များ မောင်မချစ်လေသလား .
နို့ဆီတစ်ဘူး ဝယ်ထားသည် နို့ဆီကို မခေါ်တတ်ချေ. milk maid ဟုရေးထားသည်များကို ကြည့်ကာ ဒါ နို့ဆီလား အချစ်လား မကွဲပြား နောက်ဆုံးကုလားမ ခြင်းတောင်းဆွဲလား အဲသည် ပုံကလေးကို မြင်ကာမှ ကုလားမခြင်းတောင်းဆွဲ နို့ဆီ ဆိုသော ခင်တို့ခေတ်က ပုံကိုမြင်ယောင်ကာ ဒါသေချာပါပြီ ဆိုကာ ဝယ်လာရသည် ထောပတ်သီးဖျော်သောက်ဘို့Yar Zar Lin က သင်ေသောကြောင့်ဖြစ်သညခ ယခုသော်ခင်သည်ထောပတ်သီးဖျော်ရည်သောက်ရန် အင်းလေးသွားစရာမလိုတော့ ဟုတ်သော်ရှိ မဟုတ်သော်ရျေိ ထောပတ်သီးဖျော်ရည်တော့မုန့်းအောင်သောက်ရလေသည်. သောက်ခါနီး တစ်ချက် တော့မျက်စီမှိတ်ရသည် မဟုတ်က သရိုးသရီဖြစ်နေသည်။

ပေါင်မုန့် တစ်ထုတ်သည် လည်းတစ်ပါတ်နိင်ကမကုန် အပတ်စဥင်္လွတ်ပစ်နေရသည်။ ယနေ့အသစ်ဝယ်လာသည်. သူများတွေ ပုဇွန်တွေ ချက်. ငါးဖယ်တွေ တုတ်နေသောအချိန်တွင် ခင်သည်လည်း အားကျမခံပေါင်မုန့်ကို နို့ဆီဆမ်းက ဆန်ဝယ်တုံးက အလကား ရသော သကြားကို ဖြူးရွေ့ နွားနို့နင့်သောက်လေသည် ကယ်လိုရ်ီတွေ ဘယ်လောက်ဝင်သွားမည်လဲ မသိ. ဆီးချိုကြောက်သောကြော်ငကအချိုရှောင်သော်လည်း နို့ဆီတစ်ဗူးသည် အတော်ဒုတ်ခပေးလေသည် နို့ဆီများချဉ်သွားမည် စိုးသောကြော်င့ ဒလမန်းကြမ်း. ဖျော်သောက်နေရသည် နိ့ဆီမျတားလည်း အားရပါါးရ ထည့်ကာ တို့ကာ စားသည် တက်လိုက်မည့်ဖြစ်ခြင်း အမလေ.း

6 comments:

Anonymous said...

သောက်ပြီး စားချင်စရာလေးပဲ။

သက်ဝေ said...

နို့ဆီဆမ်းပြီးတာတောင် သကြားဖြူးစားသေးတယ်... @_@

Anonymous said...

Why rush,keep it in fridge?

mstint said...

ဆီးချိုကြောက်လို့ တော်တော်ရယ်... :P
အရင်က အဲ့လိုစားရတာကို အရမ်းနှစ်သက်ခဲ့တယ်..
အခုတော့ ... ဆီးချို သွေးချိုကြောက်လို့ ရှောင်တာကြာခဲ့ပေါ့ .. :)

Aungnyc said...

ငယ် ငယ် က နို့ ဆီ နဲ့ ထမင်း နဲ့ စား တတ် တာ ကျွန်တော် ပဲ

Bino said...

ဝင်တာ ထွက်တာ မျှနေရင် အချို ရှောင်စရာ မလိုဘူးလေ။
လျှော့စားပေမဲ့ စားလိုက်တဲ့ အာဟာရကို လောင်ကျွမ်း မပစ်ရင် ၀ မှာပဲ။
လေ့ကျင့်ခန်းတွေတော့ အသေလုပ်ပါရဲ့ ၊ မောတော့ ပိုစားတယ် ၊ ဖြည့်ဆည်းတာက လောင်သွားတာထက် ပိုသွားရင် ၀ မှာပဲ။
ငါလည်း ၀ တယ်လေ။ မျိုးရိုးရှိ တော့ လွှဲချလို့ ရတယ်။
Bino