Thursday, October 3, 2013

2nd October 2013























အိမ်ပြန်ရောက်ပြီ. စောတယ်ခေါ်ရမယ်။ ရုပ်ရှင်ဝင်ကြည့်ဦးမယ်စိတ်ကူးပေမဲ့လဲ အိမ်စောစောပြန်ရင် မောင်စိတ်ချမ်းသာမယ်ထင်ပါရဲ့ဆိုပြီးစောစောပြန်တော့တယ်။ စိတ်ချမ်းသာအောင်ထားရမယ်မဟုတ်လား. ဘိုက်ဆာတယ် ထမင်းဝယ်တယ် စလုံးသုံးကျပ်ပြားသုံးဆယ် ဟင်း သုံမျိုး ထမင်းမဝမှာ ဆိုလို့ ဟင်းပိုထည့်လိုက်တာ. စလုံးဟင်းတွေ က သိတ်ပြီးကျန်းမာရေးနဲ့ညီညွတ်တယ် ဆားမပါသလိုဘဲ ဆားဓါတ်တွေ လျော့ထားတယ် ငါးခြောက်ဖုတ်ထည့်စားရတာပေါ့.

ပုန်းရည်ကြီးထဲ့ ကကြက်သွန်နီတွေ ကိုဖယ်ပြီးကြက်သွန်နီတစ်ခြမ်း လှီးထည့်လိုက်တယ် ကြကသွန်က လည်းကြာသွားရင် ဝယ်ခါစလောက် မချိုတော့ဘူး. နဲနဲချွှွဲလာသလိုဘဲ ရေသေချာဆေးရတယ်။ကျန်တဲ့တစ်ခြမ်း ထားထားပေမဲ့ လွတ်ပစ်ရမှာပါဘဲ နောက်နစ်ရက်လုံးမှ အိမ်မှာ မစားမှာသေချာနေတာဘဲ. ငါသိတ်များဆင်းရဲနေသလား .ငါ့ကို ကြည့်ပြီးစလုံးကလူတွေ ကို အဲသလိုဘဲ လို့မထင်ပါနဲ့ အားကြီးချမ်းသာပါကြပါတယ် သူတို့က အနေကုပ်တာ ကိုးမောင်ရဲ့ တို့လိုပပလွှားလွားမှ မရှိကြဘဲ.။

အိမ်လဲ မရှင်းဖြစ်ဘူး လန့်သွားမယ်ထင်တယ် မလန့်ပါနဲ့ ရှုင်းရင် ခဏပါ ရှု့ပ်နေတာ ကို ကြို့ကိလို့ဖွထားတာ. ဘယ်နေ ရာ ရောက်ရောက် ငါရောက်ရင် ပွ သွားစေရမယ် ။ မောင်က ညည်းရှာတယ် မင်းကို ဘယ်လောက်ဘ ကောင်းတဲ့နေရာ ထထားထား မင်းရောက်လာရင် ပွသွားတာဘဲ တဲ့ သူ့ဘာသာ နေရင်ရှင်းရှုင်းလေးရယ်ငါရောက်သွားရင် ပွပွ သွားတာဘဲ အမျိုးတွေ ကို တောင် ဒီဖဘ သိတ်ပြတာ မဟုတ်ဘူး ။ သိချင်ကြသေးတယ် . ဖဘ ရှိတယ်ဆို ဘလော့ရှိတယ် ဆို သိချင်သေးတယ် မပြပါဘူး . အနေကြုံ့တယ်။ အားနာစရာကြီး အမျိုးတွေ အနေခက်ရှာမယ်။

သက်ပြင်းတော့ ချမိတာဘဲ ဒီစနေ တနင်္ရနွေ အိမ်မှာရှီမယ် အိမ်ရှင်းဦးမှ အဓိက က လွတ်ပစ်ရမှာဘဲောနက်လဲ လွတ်ပစ်ရမဲ့အတူတူအခုကတည်းက လွတ်ပစ်ဘို့ကို စဥင်္းစားလို့ကို မရဘူး Oven လဲဈေးသက်သာတာဘဲ ဝယ်ပါတော့မယ်။

အဝတ်အစကားတေါ က လည်း ဆယ်နစ်စာတေါ သိမ်းထားတာတေါသူများကို သါားပေးလဲ ဘယ်သူမှ မယူကြဘူး ဒီမှာ ကအားလုံးက သူ့ဝင်ငွေ နဲ့သူ စားနိုင်သောက်နိုင်သုံးစွဲနေကြတာ ဘယ်သူမှအဟောင်းသွားပေးမယူပါဘူ ထားစရာလဲ နေရာလဲမ၇ှိဘူး မဟုတ်လား မျက်စိနောက်တာ ဘဲ အဖတ်တင်မယ် လွတ်ဘဲ ပြစ်လိုက်ပါလို့ဘဲပြောကြတယ်။

3 comments:

Anonymous said...

အလှူလုပ်တော့မယ်ပေါ့

Anonymous said...

မမရေ..ပုန်းရည်ကြီးထမင်းသုပ်စားရင်း ဖတ်သွားပါသည်။

...CHO..

Anonymous said...

မမရေ..အဆင်ပြေရင် ရန်ကုန်ပြန်သယ်သွားပါလား ။ လိုအပ်နေတဲ.သူတွေကိုလှူလို.ရတာပေါ.။ပေးစရာနေရာတွေအများကြီးရှိပါတယ်။

...CHO...