Wednesday, November 4, 2009

He

သူ
အပြောကလေးကတော့ချိုပါရဲ့။
စိတ်ကတော့မပြောင်းလဲ။
နလုံးသားကိုဓါးသွားနဲ့မွှန်းသလို။ ချိုချိုလေးနဲ့ရက်စက်တဲ့သူ.။
ကြိုးမတုပ် ဓါးမထုတ်.နလုံးသားကိုထိခိုက်စေတဲ့သူ။
သူလိုလူ။

38 comments:

Hein Htet said...

oh
can't believe it.
I
am
First

JulyDream said...

ခံစားချက်တွေ ပါနေလို့လား မသိဘူး ကဗျာက ကောင်းတယ်။ ကြိုးမတုပ် ဓါးမထုတ် ဆိုတဲ့ အဖွဲ့အနွဲ့လေးကို ကြိုက်မိတယ်။ စာလုံးပေါင်းလည်း မှန်လာပြီ။ တိုးတက်တဲ့ သဘောတွေ မြင်လိုက်ရတယ်။ အဟက်...

ADDRESSEE said...

ကဗျာလား ကောင်းတယ်ဗျာ

ကိုလူထွေး said...

သူ
ညိုမျက်ဝန်းနဲ့ဆွဲဆောင်သူ
အိပ်မက်ပေးနေသူ
ကိုယ့်အသည်းနှလုံးထဲအမြဲတမ်းစိုးမိုးသူ

းဝ)

မီးငယ် said...

ဟုတ်ပ့ မမရယ်........
သူလိုလူပေါ့....နှိပ်စက်တယ်...မျက်ရည်ကျအောင်

မောင်အေးချမ်း said...

ိဟိ.. သူဆိုတာ အိမ်က ကိုမဆလာလားဗျ...း)

စည်သူ said...

“ဟိုက်”..

အဲလိုလား.. မဟုတ်မှ လွဲရော...း)

Steve Evergreen said...

ဒီအပြောလေးတွေကြောင့် မမချစ်

Anonymous said...

ကဗျာတောင်စပ်နေပြီလားအမ။
ခံစားချက်ကတော်တော်ပျင်းတယ်နော်၊
ကဗျာထဲမှာ တွေ့နေရတယ်။
နောက်ဆုံးသုံးကြောင်းလေး တကယ်ကောင်းတယ်။

မေလေး said...

အဲဒါ ဘူလေးလဲ အဲဒါဘူလေးလဲ မမ

:P said...

သူ....ရင်ကို ကိုင်ဆွဲလှုပ်တယ်... အိပ်မက်မဟုတ်မှန်းသိတယ်.. ရင်ခုန်သံ အကြိမ်ပေါင်းရေရင်းနဲ့ ၊ အချိန်သာကုန်လာတယ်

သူ့...မျက်နှာ.. ကျနော် အသည်းထဲ စွဲနေတယ်.. သူသာ ကျနော့်ဘဝ၊ သူသာ ကျနော့်ရဲ့ ကမ္ဘာ... တာဝန်မဲ့တစ်ယောက်လို ဖြစ်နေသောကျနော်ရယ်....

သူ့ကိုမှ ချစ်မိနေပါတယ်၊ တွေ့နေမြင်နေကျမို့ ဖြေဖျောက်ဖို့လည်းအလွယ်၊ မျက်စိထဲတဝဲလည်လည်၊
သူ့အလှပင့်ကူမြှေးပမာ ၊ရစ်ပတ်ဖွဲ့နှောင်ထားတယ်....

Sonata Cantata said...

ဒူးထောက် လက်မြှောက်
သူ့ရှေ့ကို အသင့်ရောက်။
ရင်ကိုခွဲလို့ အသည်းကိုယူ
1gram ၂ကျပ်ခွဲနဲ့ ရောင်းစားသူ။
သူလိုလူ။

naychi said...

ကဗျာလေးကြိုက်စ်း)

ဧပရယ်လ်ပူး@ပူးတေ said...

ကဗျာလေးက ဖတ်လို့ကောင်းတယ်မမ။
ထပ်ရေးပါဦး။
:)

Vista said...

“ဟယ်“
တူ တဲ့ ..တူလိုလူတဲ့
မိုက်တယ် မမ ဆက်ရေးပါ ကဗျာလေးတွေ

Rita said...

ဒါမျိုးတွေလဲ ရတယ်လား။
ရွာသားတို့လောက်တော့ အပျော့ပေါ့။
(ရန်တိုက်ပေးသွားသည်။)

juli said...

ဒီလိုလူမျိုးအတွက်တော့ နှလုံးသားကိုအထိခိုက်မခံတော့ပါဘူး ဟူးးးးးးးးဟူးးးးးးးးးး

တီချမ်း said...

ဦးချစ်မောင် ကိုပြောတာလားဟင်???

ဒဏ္ဍာရီ said...

မမရေ ... ဒီလိုလူမျိုးတွေလည်း ရှိနေတယ်နော်။ ခံစားချက်နဲ့ ရေးထားတဲ့ စာသားလေးတွေက အသက်ဝင်နေတယ်။

ခင်မင်လေးစားလျှက်

LB said...

သူလိုလူဆို ဦးချစ်မောင်ကြီးပြေးမြင်မိတယ် ..
ဆံပင်ဖြူ မျက်မှန်ထူကြီးနဲ့ .. ဟီးဟီး

ကြည် said...

သိပါတယ် ဦးချစ်မောင် ကိုပြောတယ်ဆိုတာ..
သူလိုလူဆိုလို့လေ။

"ကြိုးမတုပ် ဓါးမထုတ်.နလုံးသားကိုထိခိုက်စေတဲ့သူ။"

ဟွန်း.....ဦးချစ်မောင်ကြီးတော်တော်ဆိုး။

Andy said...

ဟိုက်ရှားဘားစ် ကဗျာတွေဘာတွေရေးလို့...

ballonlay said...

"ကြိုးမတုပ် ဓါးမထုတ်.နလုံးသားကိုထိခိုက်စေတဲ့သူ။"

ShwunMi- said...

ဘယ်သူလဲအပြောချိုတာ?
စိတ်နဲ့စကား ပြောင်းပြန်လို့ပြောတာလား? :P

ShwunMi- said...

=) မသီတာကဗျာက ပိုရက်စက်နေတယ်

Anonymous said...

အောက်က မူရင်း ရေးသူပါ ထည့်ပေးရင်ကောင်းမယ်ထင်တယ် အမ။ ဖတ်ဖူးသလိုဖြစ်နေလို့။

တန်ခူး said...

Once More ရယ်သောသောညံ… မမရေ ကဗျာလေးက ကောင်းလိုက်တာ… နောက်တပုဒ်လောက်

သားကြီး said...

သြော်..... သူ....သူ
..............
..............
“သူ”ဆိုတာက “သူရယ်”ဆိုပြီး
ကျနော့်နှုတ်ကတိုးတိုးဖွဖွ တမ်းတရတဲ့
ကောင်မလေးကိုပြောတာမဟုတ်ပါဘူး
“သူ”ဆိုတာက လတောင်မကုန်သေးဘူး
အိမ်ခန်းခအမြဲစောပြီးလာတောင်းတတ်တဲ့
အိမ်ရှင်အဖွားကြီးကိုပြောတာပါ ခွိ....ခွိ..:P

လင်းဒီပ said...

ဒါကို ဘယ်ကဗျာအမျိုးအစားထဲ ထည့်ရင်ကောင်းမလဲ မသိ..။ ခံစားချက်တွေကတော့ အပြည့်ပဲ...။

PAUK said...

သူလိုလူ..
ရှာမှ ရှားပဲ..
(ရစ်တဲ့နေရာမှာ..)

:P said...

သူလိုလူ
ရှာမှ ရှားပဲ
"စွာ" တဲ့နေရာမှာ ..... :D

မောင်မောင် said...

သူလိုလူ
ဆိုတော့ ငါလိုလူ
ကျွန်တော်လိုလူမဟုတ်တာတော့ သေချာတယ်။:)
ကိုမဆာလာ ဆိုယင်တော့ အဲလိုရေးမယ်မထင်ပေါင်၊
:D :P

mae said...

ပေါက်နဲ့ ဆင်ဆင်က သိနေကြလိုက်တာ..

ရွှေရတုမှတ်တမ်း said...

ဂျီးတော်ရဲ့..ခံစားမှုအပြည့်နဲ့ရေးထာတဲ့ကဗျာကို
လှောင်ရက်လိုက်ကြတာ....

sweetpeony said...

မမ
မှန်၏...
ဟုတ်၏...
ကြိုက်၏...
ခံစားရ၏...

ဘလောဂ်ဂါတို့ရဲ့ ဘလောဂ့်ဂါ said...

may said...

အောက်က မူရင်း ရေးသူပါ ထည့်ပေးရင်ကောင်းမယ်ထင်တယ် အမ။ ဖတ်ဖူးသလိုဖြစ်နေလို့။

November 4, 2009 4:40 PM


ဘယ်မှာ ဖတ်ဖူးတာလဲ May

ဝထ္ထုထဲမှာလား ???/

Moe Cho Thinn said...

လုပ်ချလိုက်ပြန်ပြီ။
သူလိုလူဆိုရင် ဂျာနယ်ကျော်ဦးချစ်မောင်ကိုသာ မြင်မိတာ၊ ခုတော့ ကြိုးမတုပ်၊ ဓားမထုပ် ဆိုပါလား။
အင်းးးး လုပ်ပါ၊ လုပ်ပါ။

မီယာ said...

ဘယ်သူလဲ မမ... စာတောင် စပ်ဆိုရတာဆိုတော့ ကံထူးပါတယ်လေ :)