Sunday, November 29, 2009

taxi

ပြီးခဲ့တဲ့အပါတ်က အတော်ပင်ပန်းတယ်။ တစ်နေ့လုံးထိုင်ရတယ်တောင်မရှိတယ်။ လျောက်လိုက်ရတဲ့ခြေထောက်။ ဒရွတ်ဆွဲတယ။် ပါရာစိတစ်မောသောက်ရတယ။် ကိုယ်တွေါက်လတွေ ကိုက်ခဲလာလို့..အိပ်ရာထရင် အား ဆိုပြီး ကျွတ်ကျွတ်နဲ့ထရတယ်။ ဇရာကြောင့်လို့မပြောပါနဲ့ ။ eJeJ လိုပါသေးတယ်။

လိုရင်းက စနေနေ့က Taxi စီးတယ်။ ချမ်းသာလို့မဟုတ်ပါဘူး .ပင်ပန်းတာရယ် အချိန်သက်သာချင်လို့ လူလစ်တုံးလေး. ပိုက်ဆံသုံးလိုက်မယ်ဆိုတဲ့သဘောပါ။ တစ်နေရာကနေ ပင်နီဇူလာ ပလာဇာကိုသွားတာ မီတာနဲ့ ကျသင့်တာ က 16 ကျပ်ကျော်။ လမ်းမကြီးဖြတ်ခက 2 ကျပ် Peak hour charges 35% က 6 ကျပ် နီးပါ။ ပိုက်ဆံ စုစုပေါင်း 24 ကျပ်ကျော်ကြပါတယ်။

စိတ်အတော်ထိခိုက်သွားတယ်။ ဒါပေမဲ့ အမှတ်မရှိ ထပ်စီးလိုက်တာက လေဆိပ်ကို ။ ပင်နီဇူလာကနေ လေဆိပ်ကို 14 ကျပ်။မြို့ထဲကနေ မြိုထဲ ဧရိယာမို့လို့ က 3 ကျပ်။ peak hour charges က 5 ကျပ်ဘဲဆိုကြပါစို့။ စုစုပေါင်း 23 ကျပ်နီးပါ။

အမှတ်မရှိလို့မဟုတ် ထပ်စီးမိတာ က ၃၀ နီးပါ။ ဖြတ်ပိုင်းမတောင်းလိုတော့........... စိတ်ဓါတ်ကျလို့ ကျသင့်သလောက်သာပေးလိုက်တော့....net နဲ့ဖြတ်မယ်ဆို ရင်ပြား သုံးဆယ်ထပ်ပေါင်း. .. စုစုပေါင်း. 24+ 23+ 30 = (calculator သွားယူလိုက်ဦးမယ် ခဏစောင့်)………...........တစ်ညနေ အချိန်ပိုင်းကလေး လေး …zif ဇိမ်ခံမိတာ......စလုံး 80 နီးပါးကျပါတယ်။

26 comments:

Anonymous said...

ကားဝယ်ပါဆိုဗျာ...

Rita said...

နှမျောလိုက်တာ။

ThaPyayNyo said...

တို့ မမ က Boss ပဲ...ဟီးဟီး..

fall leaf said...

ဆိုင်ကယ်စီးလေ..။။
ဈေးလည်းများဘူး.။။
ရပ်စရာလည်း မပူရဘူး။။

ZT said...

ပဟေဌိ ဒွေ တိပ်မြားတယ် trယရ်။ မနဲဖတ် ရူယတရ်။ :D

ဖိုးသင်္ကြန် said...

[kwfပါ့။ menfးဖတ်ရတယ်

Anonymous said...

နှမြောလိုက်တာ

အဲ့ပိုက်ဆံတွေ စင်္ကာပူရောက်တုန်းက မုန့်ဝယ်ကျွေးရင် ကောင်းမှာ

ကောင်းကင်ပြာ said...

မစီး နိုင်ဘူးးးးဟူးးးးးး

Steve Evergreen said...

"လိုရင်းက စနေနေ့က Taxi စီးတယ်။ ချမ်းသာလို့မဟုတ်ပါဘူး .ပင်ပန်းတာရယ် အချိန်သက်သာချင်လို့ "

စင်ကာပူမှာ ချမ်းသာတဲ့သူတွေသာ Taxi စီးတယ်ဆိုတဲ့သဘောလား?

ဝက်ဝံလေး said...

အကောင်းဘက်က လှည့်တွေးပါ မာမီ
များတို့ဆီမှာ တက်စီ စီးချင်ရင်တောင် appointment တွေ booking တွေလုပ်ရတာ မသက်သာပါဘူး ဒီတော့ စီးချင်တဲ့အချိန်တိုင်း စီးလို့ရတယ်လို့သာ မှတ် ဒါဗြဲ တာ့တာ

လုံးလုံးကိုမအားပါ ရှိုးပွဲတွေအရမ်းများနေသောကြောင့် နားလည်ပေးပါ

အောင်မာ ဒီဘက်ကိုလဲ လာပါဦး ခေါ်သေးတယ် မီးက နေ့တိုင်းရောက်တယ် မာမီအသစ်တင်တိုင်းရောက်တယ် မမန့်ပေမယ့် ရောက်ပါတယ်နော် မာမီကလဲ မီးအခုတလော ငြိမ်နေတာ အကောင်းမထင်ပါနဲ့ ဟဲဟဲ အကုန်လုံးဆီကို ရောက်တယ် မမန့်ဖြစ်တာ တခုပဲ ဟိဟိ

Moe Cho Thinn said...

လူလစ်တုန်း (kmsl လစ်တုန်း) taxi တ၀ှီးဝှီး နဲ့ တညနေလေးတင် ၈၀!!!!
တိုင်ပြောမယ်။ :)

ThuHninSee said...
This comment has been removed by the author.
ThuHninSee said...

အဲ..ကိုယ်တွေါက်လတွေ .. eJeJတွေ ဆိုတာ ဘာတွေတုန်း။
စာလုံးပေါင်းတွေလဲ အရင်ကထက်တောင် မှားနေသေးတယ်။
အစ်မတစ်ယောက် ပင်ပန်းလွန်းလို့ စာမရိုက်နိုင်တော့တဲ့သဘောလား။
တမင် အရွဲ့တိုက်တဲ့သဘောလား။ ဒရွတ်ဆွဲနေတယ်လဲ ပြောထားတော့ လေများဖြတ်သွားသလား။ ဇရာကြောင့်မဟုတ်ရင် အသက်ကြီးလာလို့ ထင်ပါတယ်။ ဟိဟိ။ တစ်ခါတစ်လေ တက်စီစီးတာ ကောင်းပါတယ်။ လူသက်သာတာပေါ့။ သထေးဒေပဲဟာ နော်။ တော်သေပြီ...

kiki said...

မမ ခင်ဦမေ ပင်ပန် ရင်၊ တက်စီ ဖို ၊
စလုံ မှာ ၊ တက်က်စီတွေအမျာ ကြီ ရှိပါသည် ။
ခြေဒရွတ်တော အဆွဲမခံပါနှင် ။
တွေ တဲ တက်က်စီ ကို တက်သာ စီ ပါ ။
ပြီ ရင် ဓါ မ ကြီ ထပ်ပဲ ပြလိုက်ပေါ ။

( ကီ ဘုတ် က အောက်ကမြင် ရယ် ၊ ဝတ်စ နှစ်လုံ ပေါက် ရယ် ၊ ရိုက်မရ လို ၊ ဒီလို ရေလိုက်ရပါတယ် ၊
စိတ် မဆို ပါ နဲ ၊ ဟီ ဟီ)

ဂျပန်ကောင်လေး said...

သူပြောတာနဲ့ လူတောင်ညောင်းချင်လာပြီ.. ဟိဟိ...

Vista said...

ကွန်မန့် တွေဖတ်ရတာ ရယ်ရလို့ သေတော့မယ်

rose of sharon said...

ဘာဖြစ်လဲနော်... သုံးနိုင်လို့သုံးတာဘဲဟာ....

NangNyi said...

wpfcg တလေလေး eJeJ ပါးပါး သုံးလိုက်တာ ဘာဖြစ်လဲ.. oHk;သာoHk; တီKom.. ဟီးဟီး

းo)

sweetpeony said...

အီးးးးးးးးးးးးးးး
မမ
ချစ်စ်စ် စ် စ် ချယ်ယ် ယ် ယ် ယ်........
(အသံဝင်သွားပါသည်)

ကြည် said...

မမ တထေးမဂျီး။
ပိုက်ပိုက်တွေ သိပ်မြားသာဘဲ။
မမ မဖြုံး ပယ်ဒူ ဖြုံးမလဲ။

AMK said...

တန်ပါတယ်သဘောထားအမ ko kmsl ပိုရှာမှာပေါ့ 

:P said...

အောင်မငီး eJeJ နဲ့ zif ရယ်...
အဓိပ္ပါယ်ဖော်လိုက်ရတာဟယ်...


ကျန်တဲ့ peak hour တို့ Taxi တို့ တော့ ဘာသာပြန်စရာ မလိုဘူး မဟုတ်လား....ငှင်....

ကလူသစ် said...

သုံးပြီးရင် ပြန်လှည့်မကြည့်ရဘူးလေ။ မသုံးခင်ကထဲက စဉ်းစား။

Rita said...

(အမျိုးသားသုံးယောက်နဲ့ကိုယ်တစ်ချိန်တည်း တစ်နေရာထည်းမှ ဆုံ့တယ်ဆိုပါစို့ ဘယ်သူက ကိုယ်နဲ့ future မှာပက်သက်မှူရှီမလဲဆိုတာ ခဏ စကားပြော မျက်လုံးချင်းဆုံမိရင် သိပြီ)

two thumbs up !!

မမ အမိုက်စား !!

Bino said...

Don't be cry after made.

You have to make decision before
you take taxi.

If necessary you have to take.

You bought the time.

Bearing in mind " TIME IS MONEY".

desertraindrops said...

လစ်တုန်းစီးလိုက်တာ စီးမဲ့စီးတော့လဲ တခါတည်း နေရာစုံပါပဲလား။ :)