Friday, November 27, 2009

how to..................

ရည်းစားနစ်ယောက်လား ..ထားဖူးပါတယ်။ နစ်ယောက်လုံးကို ချစ်ပါတယ်။ ဘယ်သူ့ကို ပိုချစ်လဲမေးရင်တောင်ဖြေရခက်တယ်။ Aကိုလဲချစ်တယ်။ တော်တော်လေးကိုချစ်ပါတယ်။ လက်လွတ်ရမှာလဲ စိုးရိမ်တယ်။ လူကြီးမိဘများက မသင့်တော်ဘူးလို့ ဆိုကြလေတော့ယူရကောင်းနိုး မယူနိုး။ စဉ်းစားရခက်။ နောက်ဆုတ်ရအခက်.ရှေ့တိုးရခက်အချိန်. သင့်တော်တဲ့တစ်ယောက် B ကလည်း ချဉ်းကပ်လာတဲ့အခါ နဂိုကလည်း သံယောဇဉ်က ရှိဘူးတော့ တွဲမိသွားပြန်တယ်။

ဒီလိုနဲ့ နစ်ယောက်ဖြစ်သွားရော။ အဲဒီနေရာမှ ထည့်ပြောချင်တာက ရည်းစားနစ်ယောက် ရှိတဲ့မိန်းကလေး နဲ့ ချစ်မိရင် .အတော်လေးတော့ ယောက်ကျာ်းလေးဖက်က ခက်ပါလိမ့်မယ။် အဲဒီမှာ စဉ်းစားရမှာက ကိုယ် တစ်ကယ် ချစ်နေတာလား မချစ်နေဘူးလားဆိုတာ မူတည်မယ်ထင်ပါတယ။် တစ်ကယ် ချစ်ခဲ့တယ် ဆိုတော့လည်းသည်းခံပြီး ခဏစောင့်ကြည့်စေချင်တာဘဲ ။မိန်းကလေးတွေ ဟာ ငယ်စဉ်ကာလမှာ ရုပ်ကလေး ပညာလေး မျိုးရိုးလေး ဘာလေးညာလေးရှိကြတော့ကာ ချစ်သူခင်သူလဲ ပေါပေတော့ ဟိုလူ့ကိုယူရနိုး ဒီလူ့ကိုယူရနိုးနဲ့ တော်တော်လေးဝေခွဲမရတဲ့ အခြေအနေမျိုးရှိ တယ်ဆိုတာပါဘဲ။ တစ်ချိန်မှာတော့ဆုံးဖြတ်ချက်ချနိုင်ပါတယ်။ အဲဒီအချိန်ကို စောင့်ပါ လို့တော့ အားနာပါနာ ပြောချင်တာဘဲ။ တစ်ကယ်ချစ်ခဲ့တယ် ဆိုရင်ပါ။

အဲဒီလိုဆိုတော့ကာ အတူသွားတာ လာတာလေးတွေ တေှာ့ရှိခဲ့ပါတယ်။ ဒါပေမဲ့ပြောဘူးခဲ့သလိုဘဲ B က နဲနဲပျော့တယ်။ ကိုယ့်ကို သိတ် အလျော့ပေးလွုန်းတဲ့ အချိန်မှာ သိတ်မကြိုက်ချင်သလိုဖြစ်လာတယ်။

အဲဒီမှာ ဇတ်ရှိန်မြင့်လာတာက A ဘက်ကလည်း နောက်တစ်ယောက်ရှိလာတဲ့ အသံလေးတွေ ကြားလာရတယ်။ အဲဒီတစ်ယောက်ကလည်း ခပ်သည်းသည်းလှူပ်ကလေးဘဲဆိုတာ ကြားလာရတယ်။ မိန်းကလေးဆိုတာကလည်း အပြိုင်အဆိုင်ရှိမှ တိုးတက်တယ်ဆိုတဲ့အတိုင်းဘဲ အဲဒိအချိန်ကျမှ လက်လွတ်အဆုံးရှုံး မခံနိုင်သလိုဖြစ်လာတယ်။

ဟိုတုံးက တယ်လီဖုံးမျှား က လိုင်းကြိုးပူးတတ်တယ။် ကိုယ်နဲ့ သူငယ်ချင်း တစ်ယောက်နဲ့ စကားပြောနေကြပြီဆိုပါစို့ .နောက်တစ်လိုင်းကဝင်ပူးပြီး အဲဒီမှာ လေးယောက်ပူးကြီးဖြစ်ပြီး စကားတွေ များကုန်ကျရော။ အဲဒီမှာ ခင်ဗျားဖုံးက ချပါလား ကျုပ်က ချရမှာလားဆိုပြီး ရန်တွေ ဖြစ်ကြ. ဒါက စကားမစပ်ပြောပြတာပါ။

အဲဒီမှာ ဘယ်က ဘယ်လိုဖြစ်သလဲမသိ....ကိုယ်က A ဆီဆက်တဲ့အချိန်မှာ A နဲ့အဲဒီကောင်မလေးနဲ့ စကားပြောတာကို လိုင်းပူးနားထောင်လိုက်ရတယ်။ ကိုယ်က မပြောရသေးခင်မှာ သူတို့အသံတွေ ကြားလိုက်ရတော့ကိုယ်လဲတိတ်ဆိတ်စွာဘဲ ဆက်နားထောင်နေမိတယ။် ချာတိတ်မ အသံကတော့ခပ်ချွဲချွဲဘဲ။ A ကတော့ သိတ်မဆိုးလှူဘူး ပုံမှန်အသံဘဲ။ ချာတိတ်မ ကသူ့ကို လာမကြိုလို့ ရန်တွေ့နေတဲ့ဇာတ်လမ်းဆိုတော့ ကိုယ်နဲနဲခံသာသွားတယ်။

အဲဒီမှာ ချာတိတ်မ ဖုံးနံပါတ်ကို ကိုယ်ရြှာီ့ပီးဖုံးဆက်လိုက်တယ်။ ကိုယ့်ကိုယ်က်ုယလဲ မိတ်ဆက်လိုက်တတယ။ှ်ရုပ်ရှင်တွေ ဝတ်ထုတွေ ထဲကလိုပေါ့။ အေးချမ်းစွာဘဲ မိန်းကလေးနစ်ယောက်စကားရည်လုကြပါတယ။် ကိုယ်ကသူတို့ အခြေအနေမေးတယ။် အတော်ဟုတ်နေပြီ။ မကြာခင်လက်ထပ်တော့မယ်လို့ ချာတိတ်မက ကိုယ့်ကိုပြောတယ်။ အဲဒီအခြေအနေမှာ ကိုယ်တို့ နစ်ယောက် ဇတ်လမ်းကလည်း အတော့်ကိုအေးစက်နေတဲ့အချိန်။

ဒါပေမဲ့ငယ်သံယောဇဥင်္်ဆိုတာ ဖြတ်ရခက်သား ။ အဲဒီမှာ ချာတိတ်မကို ကိုယ် သုံးသပ်ပြီးသကာလ ကိုယ် A ကို သူ့ကို မပေးလိုတော့ဘူး။ ကိုယ်ဘဲ ယူလိုက်တော့ မယ်ဆိုပြီး. ချာတိတ်မနဲ့သာဆိုရင် A ဘဝက သိတ်အေးချမ်းနိုင်မယ်မထင်ဘူး. ကိုယ်ချာတိတ်မကို သိတ်သဘောမကျဘူး. ကိုယ်ကသာလျင် A ကို စိတ်ချမ်းသာမှူ ပေးနိုင်မယ်လို့ထင်မိတယ်။ အဲဒါနဲ့ ဘဲ A ကို ရအောင်ယူလိုက်တော့တယ။် ယူပုံယူနည်းလား .လွယ်ပါတယ်။ ကိုယ့်ကိုယ်ယူမလား မယူဘူးလား မယူရင် ကိုယ်နောက်တစ်ယောက်ကို ယူလိုက်တော့မယ်လို့ ခြိမ်းခြောက်လိုက်တာပါဘဲ အဲဒါနဲ့ဘဲ ကိုယ်ယောက်ကျားရသွားတယ။်

51 comments:

ဖိုးသင်္ကြန် said...

သာဓု

ဖိုးသင်္ကြန် said...

ကံစီမံရာပေါ့လေ

Anonymous said...

သားသား ၃

Rita said...

ဟုတ်တယ် မမ။
ချစ်သူကို ကိုယ်ကလွဲလို့ ဘယ်သူကမှ အကောင်းဆုံးတွေ ပေးနိုင်မှာ မဟုတ်ဘူး ထင်နေတတ်တာ လူတိုင်းပဲ ထင်တယ်။
=)

Rita said...

ခိုက်တယ်ဗျာ

ကလူသစ် said...

တော်တော် အနစ်နာခံလိုက်ရတဲ့သဘောပေါ့။ သနားစရာဗျာ

Anonymous said...

ခွိ.. ခွိ.. သနားပါတယ် ဂျီးဒေါ်ရယ်..။
ခြိမ်းခြောက်ပုံလေးတော့ သဘောကျသား

Rita said...

မမ စာကို စဖတ်ဖူးတာ မနှစ်က ရီးစားများတဲ့ အကြောင်း post က စပြီး ဖတ်ဖူးတာ။ အဲဒီမှာ စ ကြိုက်သွားတာပဲ။ ငယ်ငယ်က မျက်နှာများတဲ့ အကြောင်း ရေးတာတောင်မှ ချစ်စရာကောင်းအောင် ရေးတတ်လို့။

yehtutnaung said...

လုံးဝ လန်းတဲ့ post :)

Anonymous said...

ရွေးနည်းလေးမှတ်သွားပါ၏
:P

Ree Noe Mann said...

အမကိုယ်တိုင်ကလည်း A ကို ပိုသဘောကျလို့ပါဗျာ

ဟဲဟဲ

ခင်တဲ့ ရီနို

စူးနွယ်လေး said...

ရွေးစရာများလေလေ ချေးများလေလေ ဆိုတာဟုတ်တယ်:)

မေလေး said...

မိုက်စ်
ကြိုက်စ်

ADDRESSEE said...

ခြိမ်းခြောက်တဲ့ပုံစံသဘောကျတယ်

ကြည် said...

အယ် ..တယ်ဟုတ်ပါလား တို့မမက ။
အတုယူသွားပါတယ်......အဲလေ..ဖတ်သွားပါတယ်။

ကောင်းကင်ပြာ said...

ဟိဟိ ကြိုက်၏... ကြိုက်၏..

သစ်နက်ဆူး said...

မမkom
အယင် ကျနော့်ရဲ့ ပို့ စ်အဟောင်းတွေမှာ
ကိုယ့်အကြောင်းကိုယ်ချရေးပြီးမှ ..ကိုယ့်ကိုကိုယ်...ရေးသင့်ရဲ့ လား....ဆိုပြီးပြန်တွေးမိဘူးတယ်...။
အခု မမ kom ရေးထားတာဖတ်ပြီး နည်းနည်းအားရှိသွားတယ်..။
နောက်တခုက အမ စိတ်ဓါတ်ကို ကြိုက်တယ်...။
ထားရဲတယ်...
တွဲရဲတယ်..
ဖြတ်ရဲတယ်...ခြိမ်းခြောက်ရဲတယ်...
ယူရဲတယ်..
ချပြရဲတယ်.
.ကြိုက်တယ်..လေးစားတယ်..။
အမျိုးသမီးတိုင်းဟာ တော်လေးဝ ၀င်စရာမလိုပါဘူး...။

ပြတ်သားပြီး သစ္စာရှိရင် လေးစားသင့်တာပါဘဲ..။

Bino said...

Gr8!
You saved your boy friend or ..
you sentenced and sent to prison...

I told my ex-wife.

" I don't want leave you"

But

You are not follow me

I'll leave you.

BINO

Sein Lyan Tun said...

အော်... ဂလိုလား...

နောက်ဆို ခြောက်တိုင်းမကြောက်ပဲ နည်းနည်းမူလိုက်အုံးမယ်...

Moe Cho Thinn said...

:))

မီယာ said...

မမက ချစ်သူ ခင်သူ များတာကိုး... လူမမြင်ဖူးပဲတောင် စာရေးတာလေးဖတ်ပြီး ချစ်နေတာ :)

စန္ဒကူး said...

ဒါဆို A ကနောက်ရည်းစားကောင်မလေးရှိခဲ့ သေးတယ်ပေါ့..း)

pandora said...

်မိုက်တယ်.. :)

ဂျပန်ကောင်လေး said...

ဟဟ... ဒီလို စွံခဲ့တာ အခုမှပဲ သိတော့တယ်... ဟိဟိ... မိုက်တယ်...

fall leaf said...

Aလေး အညာခံလိုက်ရတယ်..။။
သနားပါတယ်..။။

Anonymous said...

ဖုန်းလိုင်းပူးတာကြုံဖူးတယ် အမ။
:)

Anonymous said...

လတ်စသတ်တော့ ဒီလိုကိုး....

ThuHninSee said...

:))) Bက ဓါးဆွဲပြီး လိုက်ခုတ်မှဖြင့်.. မကြောက်ဖူးလား။

ဆောင်း said...

မှတ်မိတယ် B က ပြန်တွေ့ တော့ အပြုံးတခု ပြုံးပြ ခဲ့တယ် ဆိုတာလေ။ ပြန်ပြုံးပြလိုက်သေးလားဟင်

မမသီရိ said...

း)

NangNyi said...

ဟမ် !!??

Song Chan Moe said...

ဟ..မိုက်စ်..ဟိဟိ
ကြိုက်စ်..

Khyl said...

အော်... A က... ကိုမဆလာကိုး.... ဇာတ်ပေါင်းသွားပြီ....:P

ချမ်းမြေ့ရင် said...

အရေးအသားတွေ ခိုက်တယ်၊ကြိုက်တယ်၊လန်းတယ်၊ရိုးသားကြိုးစားတဲ့
အချစ်ကိုဂလိုယူခဲ့တာကိုး။

ဆရာကြီး (ခေတ္တ ကျွန်းပေါ် ) said...

စိတ်ကူးယဉ်တာလေး မိုက်တယ်။ ဒီလိုပါပဲ တချို့လူတွေက စိတ်ကူးယဉ်တာလောက်ပဲ အဆင့်ရှိကြတာပဲ။

ရွှေရတုမှတ်တမ်း said...

ဂျီတော်ကြီးချစ်ကိုယ်တွေ့ဆိုရင်တော့...
ကိုkmslရေ....း)))

သူရိန်မင်း said...

ကောင်းသားပဲ .... :P ..အဲလိုပဲ ပြောလိုက်တော့မယ် မင်းပြန်မလာရင် ကိုယ်နောက်တစ်ယောက် ယူလိုက်တော့မယ်လို့။ ဟီဟီ...

AMK said...

မမkom မေးရတာအားတော့နာ တယ်ture story လားဟင် A=ကိုကိုကြီးkmsl ? ဇာတ်သိမ်းမေးခွန်းလေးက heart ထိတယ်ဗျာ "ကိုယ်ယူမလား မယူဘူးလား မယူရင် ကိုယ်နောက်တစ်ယောက်ကို ယူလိုက်တော့မယ်" ဒီလိုမျိုး မေးခံရ၇င် မယူဘူး လို့ ဘယ်သူပြောထွက်မှာလဲ တော်ကိုတော်တာပါ မမkom? Ko gyi kmsl?

Vista said...

ဟယ်...
တော်ထှာ...
ဒါပေမယ့်မမ ကို A ကိုချစ်လို့ ပါ
အနော်ဆိုအဲလို နောက်ဇတ်လေးရှိနေတယ်ဆို ထားလိုက်တော့မယ် ...သူ့ သူ သွားပစေတော့

little brook said...

ဟားဟား ကျွန်တော်သာဆို နောက်ကောင်မလေးပဲ ရွေးတော့မယ် နှစ်ယောက်တပြိုင်ထည်းထားတဲ့သူတော့ မရွေးရဲဘူး
အင်း ဟိုအကိုကြီးက တော်တော့်ကို ချစ်လို့ ...
ကောင်လေးတွေက ကိုယ့်ချစ်သူ ကိုယ့်မတိုင်ခင် ရည်းစားအများကြီးထားလည်း ခွင့်လွတ်တတ်တယ်
အဲ့လို နှစ်ယောက်ပြိုင်တွဲနေတာတော့ တော်တော်ကိုသီးခံတတ်သူမှ... မလွယ်ဘူး

zeRoTraSh said...

အတော်ပဲ how to စာအုပ် အသစ်လုပ်မလို့ စဉ်းစားထားတာ how to တစ်ခုတော့ ရပြီ။ ကလေးတွေကို မြှောက်ပေးနေတယ်ဗျို့။ :D . . .

သက်ဝေ said...

မမကတော့ လုပ်ပြီ... :P

rose of sharon said...

ရှင်းရှင်းလေးဘဲ ပြောလိုက်တယ်ပေါ့... သဘောကျမိတယ်...

rose of sharon said...

ရှင်းရှင်းလေးဘဲ ပြောလိုက်တယ်ပေါ့... သဘောကျမိတယ်...

Unknown said...

Aာကီး ကံဆိုးသွားပြီး A ကောင်မလေး ကံကောင်း သွားတာလား မမ။

Anonymous said...

ပိုင်လိုက်တဲ့ မမ.. အနော်သာ နှစ်ယောက်ထားရင် ကိုကိုက သတ်မယ်တဲ့ (နောက်ပြောတာ ထင်ပါတယ်နော်)

ကိုမဆလာတော့ ဒီ post ဖတ်ပြီးရင် အိညှောင့်ညှောင့်ကောင်မလေး ယူလိုက်ရ ကောင်းသားလို့ တွေးနေမလား မသိဘူး၊ ခုတော့ blogger မမနဲ့ ယူမိတော့ ငယ်ကျိုးငယ်နာတွေ ဖော်ခံထိရော

ZT said...

နှစ်ယောက်ထားတဲ့ ကိစ္စ တော်ရုံတန်ရုံ ယောက်ျားလေး သည်းမခံနိုင်ပါ။ အခန့်မသင့်ရင် တုတ်ဆွဲဓားဆွဲတွေ အထိ ဖြစ်နိုင်ပါတယ်။ အရမ်းချစ်လွန်းရင်တော့ တစ်မျိုးပေါ့။

Steve Evergreen said...

ဟုတ်မယ် တယောက်ထဲဘဲ ထားခွင့်ရှိတဲ့ အရာရာချို့တဲ့ရှာတဲ့ ယောက်ကျားမျိုးတွေကတော့ သူတို့ပိုင်တာလေးတယောက်အတွက် ဒုတ်ဆွဲဒါးဆွဲနဲ့ ထောင်ထဲဝင်ဖို့လဲကြောက်မှာမဟုတ်ဘူး။ အဲဒီမိန်းမက သူ့ရဲ့ဘဝဖြစ်နေရှာတာကိုး

TZA said...

လက်မခံနိုင်ပါ၊ လက်မခံနိုင်ပါ၊ လက်မခံနိုင်ပါ၊

sweetpeony said...

မိန်းကလေးတွေက အပြိုင်ရှိမှ တိုးတက်တယ်ဆို ယောကျာ်းလေးတွေကကော မမ???
အပြိုင်ရှိလို့ A က ယူလိုက်တာပေါ့နော်...

ksanchaung said...

ကိုရီးယားကားကြည့်ရသလိုပဲ အသည်းတယားယား ရှိလှတယ်။