Tuesday, November 10, 2009

Liar Liar

ဒီနေ့အငှားကားစီးတယ်။ အိမ်မြန်မြန်ရောက်ချင်လို့။
နိုင်ငံခြားမှာ ဆိုတော့ e လိုဘဲပြောကြတယ်။မှတ်ပါ။
မင်းဘာလူမျိုးလဲ ကစလို့…………… ဖ ထင်တယ် ဆိုလို့ ဟုတ်တယ်လို့ဖြေ။
ဘယ်သွားမလို့လဲ......... .ဟိုနားကို လည်လည်. လို့ပြော
အလုပ်က ပြန်လာတာလားမေး........ ..ကြံကြီးစည်ရာ ..အိမ်ရှင်မပါလို့ အမှားပြင်ပေး
ကလေး တစ်ယောက်ရှိပါကြောင်းပါ အဆစ်ထည့်ပေးလိုက်သေး။
ဘယ်လောက်ကြာပလဲ.......ရောက်တာ မကြာသေးရှုင့် …..လို့မွှေ.
ဘာလို့များ အမြဲတမ်းမေးနေပါလိမ့်။

19 comments:

သူရိန်မင်း said...

သိချင်လို့ပေါ့

ADDRESSEE said...

ဟူး ၁ ရဘူး ဦးသွားတယ်

Creative Light said...
This comment has been removed by the author.
ဒေါ်ရွှေအိ said...
This comment has been removed by the author.
ဒေါ်ရွှေအိ said...

အမက ဗရုပ်ပဲ။ :D

Thatonthu said...

အမ ဘလော့မှာ လာဖတ်ဖူးပေမဲ့ အခုမှ မန့်ဖြစ်တယ်.။
ကျမတို့ဆီမှာလဲ ကိုယ်နဲ့လူမျိုးချင်းမတူတာကို ရုပ်ကြည့်ပြီး ခွဲခြားနိုင်ရင် အဲလိုပဲ အာလာပ သလာပမေးကြတာချည်းပါပဲ.။ အမလဲ မေးခံရတာများလို့ နဲနဲ တင်းလာပြီထင်တယ်..။

ခင်မင်စွာဖြင့်

သထုံသူ

Sein Lyan Tun said...

အိမ်တော့စောစောပြန်ရောက်တယ်မဟုတ်လား..

နောက်ဆို မေးနိုင်တဲ့မေးခွန်းတွေကို စာရိုက်ဖြေထား.. မေးရင် အသာလေးထိုးပေးလိုက်...


ချစ်ခင်လေးစားစွာဖြင့်

ဖိုးစိန်

fall leaf said...

ကျွန်တော်က
ကို Xထုံ ပါ။။
အမှတ်မှားမစိုးလို့။။

rose of sharon said...

ဝန်ဆောင်မှုထင်ရဲ့... ခရီးသည် ပျင်းမှာစိုးလို့လေ

mae said...

ဟိ.. ပျော်စရာကြီး

အနော်လဲ ပင်ပန်းလာတဲ့ အချိန် မေးရင် အဲ့လို အရွဲ့တိုက်ချင်တယ်၊ ဟိုမှာတော့ ဘာလို့လဲ မသိ.. အမှန်ပဲ ပြောမိနေသေးတယ်

ဆောင်းချမ်းမိုး said...

ဟားဟား
အရီးကွန်းတို့ကတော့...
ဟောလိဝုဒ်ကလို့တော့ မဖြေလိုက်ဘူး..
:P

ဧပရယ်လ်ပူး@ပူးတေ said...

ပူးတေလဲ ဒီမနက်ရုံးနောက်ကျလို့စီးတာ a lot of questions တွေအမေးခံရတယ်။ ပူးတေလဲ ဖုန်းပြောရော ပူးတေကို မြန်မာလားတဲ့။ ငါကမင်းကို ဗီယက်နမ် ထင်နေတာတဲ့။ ငါ ပင်နီဆူးလားကိုသွားရင် မြန်မာတွေက Brown colour တဲ့။ နင်ကဘာလို့ မဘရောင်းတာလဲတဲ့။ ငါမသိဘူးလို့။ ငါ့ အမေသွားမေးလို့။ ပြောင်သလိုနောက်သလိုနဲ့ပြောလိုက်တယ်။ ပါးစပ်တော့ ခဏပိတ်သွားတယ်။ ဒါတောင် ဆင်းခါနီး ပြောသွားသေးတယ်။ နင်ဒီကုမ္ပဏီမှာ လုပ်ရတာ အဆင်ပြေလားတဲ့။ နင်က အလုပ်အေးဂျင့်လဲ လုပ်တာလားလို့။ ငါ့သူငယ်ချင်းတွေ အလုပ်လိုရင် ပြောလိုက်မယ်လို့။ :) Have a nice day တဲ့။ ပူးတေလဲ Same to you. ပေါ့။ ပိုက်ဆံလဲပေးစီးရသေးတယ်။ သူတို့မေးတာလဲ ဖြေရသေးတယ်။ :,(

sweetpeony said...

ဒီကလူတွေ ဒီလိုပဲ လိုကယ်မဟုတ်ရင် စပ်စုတယ်ထင်ပါ့..
ကြုံဖူးတယ် .. ကြုံဖူးတယ်...
း(

ဂျပန်ကောင်လေး said...

တခုခုတော့ တခုခုပဲ...း)

little brook said...

ဟားဟား အမရယ် ဒါဘယ်လိုခေါ်လဲ ပဋိ..ဘာစကားလဲ .. မသိတဲ့လူ၂ယောက်ဆုံရင် ပြောရတယ်လေ .. အဲ့လိုနေမှာပေါ့
အလာပ သလာပလေ.. ခရီးသည်ပျင်းနေမှာ စိုးလို့ထင်တယ် ... :P

Ree Noe Mann said...

အမေ၇ ကျနော် သုံးခေါက်လောက်ဖတ်လိုက်ရတယ်။

ကျနော် နားမလည်ဘူးဖြစ်နေတုန်းပဲ

ကျနော်ကိုက ဝေးပါတယ်ဗျာ

ရီနို

မီယာ said...

အားလုံး မှတ်သားသွားတယ်

Steve Evergreen said...

လမ်းမှာတွေ့တဲ့သူတွေမေးတာဖြေလေ့မရှိပါ။

Unknown said...

sometime you have to tell white lies and that doesnt really make you a liar. i think its better to be safe than sorry~