Tuesday, November 3, 2009

surrogate



ဟိုတစ်လောက surrogate ကြည့်ဖြစ်တယ်။ မင်းသားကို မြင်လို့ပါ။ ငယ်ချစ်ဆို တော့ လည်းကြည့်ဖြစ် သွားတယ်။ ဆေးဆိုရင် ဘူဒိုဇာ မှာ စိတ်ချရတယ်ဆိုသလိုဘဲ။ သူ့ကိုမြင်ရင်တော့ ကြည့်ဖြစ်မှာပါ။ ထုံးစံအတိုင်း e လိုလဲသိတ်နားမလည်တော့ နားလည်သလောက်ကတော့ လူတွေက သူတို့ရဲ့အိမ်တွေ မှာဘဲ နေကြပြီး လောကနဲ့ဆက်သွယ်တဲ့အခါမှာ surrogate robot တွေနဲ့ဘဲဆက်သွယ်ကြသတဲ့။ အဲဒီ လောကမှာ နာကျင်မှူဆိုတာလဲ မရှိ. ပြစ်မှုများလဲမရှိ။ ကြောက်ရွံ့မှူဆိုတာလဲမရှိ တဲ့လောကမှာနေကြသတဲ့။ အဲဒီအချိန်မှာ လူသတ်မှူ .. လူသတ်မှူ ဆိုတာ အဲဒီ စက်ရု့ပ်ကို သတ်လိုက်တဲ့အခါမှာ လူက သေသွားတာကို စုံစမ်းဘို့အတွက် ဆိုတာ ကနေစလိုက်တဲ့ဇတ်လမ်းပါ။ ကြည့်လို့ကောင်းတယ။် အမြင် သစ်. အတွေးသစ် တစ်မျိုးပေါ့။

ကိုယ်စဉ်းစားမိတာကတော့လဲ ကိုယ်လည်းဘဲ အခု အဲဒီ ကမ္ဘှာမှာနေနေတယ်။ ဘဝက ပြောလို့ ပြောတာ မဟုတ်ဘူး ။ အတော်လေးကို အထီးကျန်တယ။် ဒါတောင် ကိုမဆာလာရှိ လို့အတော်ကြီးခံသာတယ်။ မိုးလင်းရင် သုတ်သုတ် သုတ်သုတ် နဲ့အလုပ်သွား. အလုပ်ခွင်ထဲရောက်ရင် အလုပ်လုပ်။ သူငယ်ချင်းဆိုတာ မရှိပါဘူး ။ လုပ်ဖော်ကိုင်ဖက်ဘဲရှိတယ။် သူတို့ကိုယ့်အပေါ်ကောင်းကြတယ။် ဒါပေမဲ့ ကိုယ် အရမ်းမခင်ဘူး. အလုပ်စကားကလွဲရင် မပြောဖြစ်ဘူး. ကန်တင်းသွားဘို့ ဘယ်သွားဘို့ ခေါ်ြါတယ်။ ကိုယ်မလိုက်ချင်ဘူး။ ကန်တင်းသွားခဲ့ရင်လည်း တစ်ယောက် ထဲ ဘဲထိုင်ပြီး ကိုယ့်အတွေးနဲ့ဘဲ ကိုယ်စားတယ။်

မြန်မာ တစ်ချို့ ရှိပေမဲ့လည်း အလှမ်းဝေးနေကြတော့ ချိန်းရခက်။ သူအားလဲကိုယ်မအား ကိုယ်အား လည်းသူ မအားတာနဲ့ဘဲ မတွေ့ဖြစ်ကြဘူး။ အိမ် ပြန်လာ ရင်လဲ တိတ်တိတ် ဆိတ်ဆိတ်ဘဲ။ တယ်လီဖုံးလား....... ဟိုတုံ့းက နစ်နာရီ တစ်ခါ ခေါ်တဲ့ကိုမဆလာက အခုတစ်နေ့တစ်ခါတောင် အနိုင်နိုင်ပါ။ မချစ်လို့လားမဟုတ်။ ချစ်ပါတယ။် ကြာလာ တော့ သွေးအေးလာတဲ့သဘောဘဲ နေမယ။် ခြင်းတောင်းထဲ ကကြက်ဖြစ် သွားတာ ရယ်။ ပါးမဖောင်းတော့ တာရယ်ကြောင့်ဖြစ်မယ်။

ကိုယ့်ဆီကို တစ်နေ့နေလို့လဲ ဖုံးတစ်ခါလာဘို့ လဲခဲယဉ်းတယ်.။ အိမ်ဖုံးဘီလ် က ပြီးခဲ့တဲ့လက တစ်ကျပ်လား ကျတယ်။ ပြောမှမပြောဘဲ။ ကိုမဆလာနဲ့ဆိုလဲ ပြော တစ်မိနစ်ဘဲ ဆိုတော့က အချင်းချင်းလဲ hand phone နဲ့ဘဲ နိပ်လိုက်ကြတာများတယ်။

ကလေးကလည်းမရှိ. ။ ဟင်းကလဲ မချက်။ ကိုမဆလာလဲ သဘောကောင်း. တော့အိမ်မရှင်းလဲ ဘာမှ မပြော.။ စာကလည်း သဘောတရားလောက်ဘဲ ဖတ် ဖြစ်တော့ ကွန်ပြူတာ ရှေ့ထိုင်လိုက်ရင် ကိုယ်က တစ်ခြားကမ္ဘာတစ်ခုထဲရောက်သွားသလိုဘဲ။

ကိုယ့် အသက်ကိုလည်း မေ့သွားတယ။် ကိုယ့်အလုပ်ကိုလည်းမေ့သွားတယ်။ ပျော်ပျော် ရွင်ရွင်နဲ့ ဒီ ကမ္ဘာထဲမှာ ပျော်ရွင်စွာနေမိတယ်။ ကိုယ်က ငယ်ရွယ်သူတစ်ဦးဖြစ်သွားတယ်။ ကိယ့် ပတ်ဝန်းကျင် မှာငယ်ရွယ်သူတွေ နုပျိုသူတွေ အောင်မြင်နေကြသူတွေ. လှပနေကြသူတွေ .သုံ့းနိုင်စွဲနိုင် လုပ်နိုင်ကိုင်နိုင်. ပြောနိုင်ဆိုနိုင်. လူငယ်လူရွယ်တွေ နဲ့ကိုယ်ဟာ involve ဖြစ်သွားတယ်။ ပြောချင်တာတွေ ကို ရွယ်တူတန်းတူသဖွယ်. ဘလွတ်ရွတ်တ ပြောနိုင်ခွင့်ရှိတဲု့ကိုယ်ဖြစ်သွားတယ။် ကိုယ်ပြောတဲ့ စကားက လည်းအဖက် လုပ်ပြီး နားထောင်မဲ့သူရှိတယ်။် ကိုယ့်ကိုလည်း ပြန်ပြောကြတယ်။ နောက် ဆုံးတော့ ကိုယ်လဲ surrogate တစ်ခု ဖြစ်နေပါရော့လား။

23 comments:

ဖိုးသင်္ကြန် said...

1

ဖိုးသင်္ကြန် said...

သေပျော်ပြီ

စူးနွယ်လေး said...

ခံစားနားလည်မိတယ်

သားကြီး said...

ဟိုနေ့ကသူငယ်ချင်းကဖုန်းဆက်တယ်
surrogateကြည့်ပြီးသွားပြီတဲ့
ကျနော်တော်တော်လေးမနာလိုဖြစ်သွားတယ်
ကျနော်တောင်မကြည့်ရသေးဘူးကို
ကြော်ငြာမြင်ကတည်းကကြည့်ချင်နေတာ
ပါးမဖေါင်းလို့လည်းအချစ်မလျှော့လောက်ဘူးထင်တယ် တွံတေးသိန်းတန်တောင်သီချင်းထဲတည့်ဆိုထားသေးတယ် “မောင်ကြိုက်တာက အိမ်က ဂွတ်ရှယ်ကွယ်”ဆိုပြီးတော့လေ :P

ကောင်းကင်ပြာ said...

ဒူဒူပါပဲ မမရယ်..း)

ADDRESSEE said...

ကြည့်ခြင်တယ် အားဘူး

ဆောင်း said...

ကျမလည်း ဒီလိုဘဲ ခံစားရတယ်

Unknown said...

မကြည့်ဘူးတော့ ဘာပြောရမှန်းမသိဘူး....(ဘ၀ကလဲဆိုးထှာ)

AMK said...

မကြည့်ရသေးဘူးဗျ

Vista said...

သားကြီးပြောသလို “မောင်ကြိုက်တာက အိမ်က ဂွတ်ရှယ်ကွယ်” ပဲနေမှာပါ မမကွန် ဟိဟိ
ဖုန်းဆက်စေခြင်နံပါတ်ပေးလေ ဟက်ဟက်
နောက်မှတော့နားငြီးလို့ မဘလော့နဲ့ ပေါ့နော
မက်စိရောဖတ်ခြင်သေးလား ကျနော်ဆို စလုံးမသူငယ်ခြင်းတွေရော မလေးမတွေရော အလုပ်ထဲကသူငယ်ခြင်းတွေရော ဘလော့ကချစ်ဆုံးတွေနဲ့ ရော
မက်စိတွေနှိပ်လွန်းလို့ ဖုန်းဘီလ်ဆိုရင်ရုံးကပေးတဲ့ အမောင့်တောင်ကျော်တယ် ဟိဟိ

ဂျပန်ကောင်လေး said...

း)... နိုင်ငံခြားမှာ ခံစားရတဲ့ ခံစားချက်လေးကို ရေးထားပုံလေးက ဖတ်လို့ ကောင်းလိုက်တာ.. အမစာရေးတာ ချစ်စရာလေးနော်.. ကျွန်တော်တော့ ကြိုက်ကြိုက်...း)

မေလေး said...

ခြင်းထဲကကြက်တဲ့လားမမရယ်
ပါးမဖောင်းရင် ဖောင်းအောင်ပြန်လုပ်လေ။
ဟိဟိ
ချစ်လို့စတာ
ဘဝတူပါမမရေ
မေလေးလဲ surrogate ဖြစ်နေပါရောလားးး။

khet myint myint said...

ဆေးဝယ်ရင် ဘူဒိုဇာ ..??
ဒီဇူဇာ လို့ပဲကြားဖူးပါတယ်။ မြဝတီမဂ္ဂဇင်းအဟောင်းတွေထဲမှာ ပါနေကြလေ။
ဟုတ်တယ်၊ တိုင်းတပါးမှာနေရတာ ငြီးငွေ့ဖို့သိပ်ကောင်းတယ်။ ပြေရာပြေကြောင်း ရှာကြံနေရတာပဲ။ လူတွေလည်း အချင်းချင်းဖုန်းဆက်ပြောကြတာထက် အွန်လိုင်းဘက်ကိုရွှေ့ကုန်ကြပြီ တူပါရဲ့။

sweetpeony said...

မမ
ကြာလာတော့ သွေးအေးလာတဲ့သဘောတဲ့လား
း((((

Rita said...

ကြာတော့လည်း ငြီးငွေ့လာတာပါပဲ မမ။
တခုချင်းတော့ ဖြတ်ကြည့်မှ။

မီယာ said...

မမ အညွှန်းကောင်းတာနဲ့ သွားကြည့်ဦးမယ် Education လည်းကောင်းတယ် ပြောတယ် မမ ကြည့်ပြီးပြီလား... စိတ်ချမ်းသာ သလိုသာ နေပါ မမ။

Mogok Thar said...

"surrogate" တဲ့

မိုက်တယ် ကြည့်သွားတယ်

juli said...

နည: တီkom နောက်ဆုံးပို့စ်မှာ
3 Nov 09, 04:26 PM

toe: ဘယ်မှာတုန်း
3 Nov 09, 04:26 PM

နည: အဲ့လို မန့်ပေးကြပါ နန်းညီ နာမည်နဲ့
3 Nov 09, 04:26 PM

နည: ဒါမျိုးနဲ့ သဘောတရား ခပ်ဆင်ဆင်ပို့စ်တစ်ပုဒ်ရေးဖူးတယ်.. အဲ့တုန်းက ညီ့ကို လစ်တဲဘရွတ်ခ်က ပြောဖူးတာလေး ပြန်သတိရသွားတယ်ဗျ.. “ကမ္ဘာတုထဲပျော်ဝင်နေတဲ့ လင်နီစမောဟာ နင်ပေါ့ နန်းညီ” တဲ့.. တို့ပိုင်တဲ့မြေ (Of Mice and Men) ဝတ္တုထဲက လင်နီစမောတဲ့လေ..

Rita said...

နည ပြောတဲ့ အဲဒီဝတ္ထု ဖတ်ဖူးပေမဲ့ မေ့သွားပြီ။ လီနင်စမော့ လည်း သတိမရတော့ဘူး။ လောလောဆယ် ကမ္ဘာတု တစ်ခုကိုတော့ ဖြတ်ထားတယ်။ ဘယ်လောက် နေနိုင်မယ်တော့ မသိ။

တော်ကြာ အရက်သမားတွေ ပြောသလို။ အရက်ဖြတ်တာများ လွယ်လွန်းလို့ ငါ ခဏခဏ ဖြတ်ဖူးတယ် ဆိုတာမျိုး ဖြစ်နေမလား မသိဘူး။

Bino said...

We are the same.
staying alone...far from family...
we've no chance to meet each other.
The best way of relaxing is ....
reading a book...
visiting to some blogspot...
watching movies, TV and online news....
listing the music....
But not be limited to........

BINO

သံလွင် HeRo said...

တီကွန်....ကောင်းတယ်ဆိုတော့
ကြည့်လိုက်အုံးမယ်
တီကွန်က အထီးမကျန်ပါဘူး....အစ်မကျန်ပါး)
ဒီကမ္ဘာလေးထဲမှာရောက်သွားတော့လည်း
ကျန်နေတဲ့အထီးတွေကို မေ့သွားမှာပါ။

မင်းအိမ်ဖြူ Minn Eain Phyu said...

မှန်၏ ၊၊

ပါးဖောင်းအောင်တော့ ချိုချဉ်လေး ငုံထား P:

Moe Cho Thinn said...

မမကို နားလည် ခံစားပေးလို့ ရပါ၏။
ဒါပေမဲ့ ဘူဒိုဇာ ဆေး သောက်ရမှာ ကြောက်လိုက်တာ..